စာလုံး/အကြီး+ နှင့် -အသေး
Home » , » ဘလော့ ပြုလုပ်ကြမယ်။ အပိုင်း (၁)

ဘလော့ ပြုလုပ်ကြမယ်။ အပိုင်း (၁)



Blog ရေးချင်တဲ့ ကိုကို မမ တွေအတွက်... ကျွန်တော်တင်ဆက်လိုက်ပါတယ်။
အရင်ဆုံးတော့ Blog အကြောင်း intro ဝင်မယ်နော်။ Blog ဆိုတာ Blog ပေါ့နော်... အဲ... Blog ဆိုတာ Website တွေလိုပါပဲ။ Blog မှာလည်း Website လိုပဲ မတူညီတဲ့ ကိုယ်ပိုင် လိပ်စာ URL (Uniform Resource Locator) တစ်ခုစီရှိရပါတယ်။ ဥပမာ ဒီလိုပေါ့ www.myschoolmmo.blogspot.com ။ page တစ်ခုကနေအခြား အခြား page တစ်ခုကို ကူးပြောင်းကြည့်ရှု့နိုင်တဲ့ hyperlink တွေပါရှိကြပါတယ်။ အဓိကအားဖြင့် Website တို့တွင် ရေးသားဖော်ပြထားသောအကြောင်းအရာတို့နှင့် ပတ်သက်ပြီး ဝင်ရောက်ဖတ်ရှုသူများအနေနှင့် ပါဝင်ဆွေးနွေးခွင့်မရှိပါဘူး။ ဝင်ရောက်ဖတ်ရှုနိုင်ရုံသက်သက်ဖြစ်ပါတယ်။ Blog မှာတော့ ဖတ်ရှုသူအနေနဲ့ စိတ်ဝင်စားရင် Comment ဝင်ရေးနိုင်ပါတယ်။ ရှင်းရှင်းပြောရင် ရေးသူနှင့် ဖတ်သူတို့အကြားမှာ အပြန်အလှန်ဆက်ဆံရေးရှိတယ် လို့ဆိုလိုနိုင်ပါတယ်။ ပြီးတော့ free နော်။

အင်တာနက်ပေါ်မှာ free လုပ်လို့ရတဲ့ ဆိုဒ်တွေအများကြီးရှိပါတယ်။ ဒါပေမယ့် အခု Blogger ကိုရွေးချယ်  ဖော်ပြရခြင်းအကြောင်းအရင်းကတော့ blog မှာ Google မှ ပေးသော service တစ်ခုဖြစ်သည့်အတွက် Google ၏ ဟန်ပန်အတိုင်းပင် အမြင်ရိုးရှင်းပြီး အသုံးပြုရလွယ်ကူခြင်း၊ အခမဲ့ အသုံးပြုနိုင်ခြင်းတို့ပင်ဖြစ်ပါတယ်။

အရင်ဆုံး www.blogger.com မှာ အရင်ဆုံး Register လုပ်ရမှာဖြစ်ပါတယ်.။ သို့သော် မိမိမှာ Gmail ရှိမယ်ဆိုရင်တော့ Bloggger မှာ Registerလုပ်စရာမလိုပဲ တန်းရေးလို့ရပါတယ်။ Gmail မှာ သုံးသည့် username နဲ့ password တို့ကို ရိုက်ထည့်ပြီး ဝင်ရောက်ရေးသားကြရုံဖြစ်ပါတယ်။

နောက်တစ်ခု လိုအပ်ချက်က font ဖြစ်ပါတယ်။ Blog ကိုမြန်မာလို ရေးချင်သူတွေ အနေနဲ့ မိမိသုံးသည့်စက်ထဲမှာ မြန်မာ ယူနီကုဒ် တစ်ခုခုကို ထည့်သွင်း install လုပ်ထားဖို့လိုပါတယ်။ သို့မှသာ  Blog  ကို မြန်မာလို ရေးနိုင်ဖတ်နိုင်ကြမှာဖြစ်ပါတယ်။ ယနေ့ Website တွေကို မြန်မာလိုရေးတဲ့နေရာမှာ အသုံးများဆုံးမြန်မာစာ Unicode font တွေထဲမှာ ZawGyi သည်လည်း အပါအဝင်ဖြစ်ပါတယ်။ အခမဲ့လည်း ဖြစ်တယ်၊ သုံးရတာလည်း လွယ်တယ်။ "Ctrl + Shift" key တွဲနှိပ်ရုံဖြင့် မြန်မာနှင့် အင်္ဂလိပ်ကို  အလွယ်တကူ ကူးပြောင်း အသုံးပြုနိုင်ပါတယ်။ ကဲ ဇော်ဂျီဖောင့် လိုချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်ဆွဲလိုက်ပါ။

ကဲ မြန်မာဖောင့်လည်းရပြီ.... gmail account လည်းရှိပြီဆိုရင် Blog တစ်ခုဖန်တီးဖို့အတွက် www.blogger.com မှာ Sing in လုပ်ရပါမယ်။


Login ဝင်ခဲ့ပြီးတဲ့အခါ Profile picture အတွက် ပုံတစ်ပုံနှင့် ကိုယ်အရေးအကျဉ်းကို ထည့်သွင်းပေးဖို့တောင်းဆိုပါလိမ့်မယ်။ အဲဒါကို နောက်မှ ထည့်သွင်းလည်းရတဲ့အတွက် ကျော်သွားလိုက်   မယ်နော်။.....။.....။ Continue to Blogger ကိုနှိပ်ပြီး ကျော်သွားလိုက်ပါ။ ကဲဒါဆို နောက်ထပ်တစ်နေရာ  ကိုရောက်သွားပါလိမ့်မယ်။။။ အဲဒီနေရာကို Dashboard လို့ခေါ်ပါတယ်။ Blog တစ်ခုကို စတင်ဖန်တီးရန်အ     တွက် "New Blog" ကို Click နှိပ်ရပါမယ်။ နောက် Blog အတွက် Title နေရာတွင် မိမိပေးလိုသည့် နာမည်ကို ပေးရမည်ဖြစ်သည်။ Address နေရာတွင် မိမိ Blog လိပ်စာထည့်ပေးပါ... ဥပမာ  myschoolmmo.blogspot.com  ပြီးရင်တော့ မိမိဘလော့အတွက် Template ရွေးပေးရပါမယ်။ မူရင်းပေးထားသော.. Template များမှာ စုံစုံလင်လင်ရှိပါတယ်။ ဒါကို ရောင့်ရဲတင်းတိမ်နိုင်ခြင်းမရှိဘဲ... အခြား Template များကို ပါအသုံးပြုလိုပါက.... ကျွန်တော့်ဘလော့မှာတင်ပေးထားပါတယ်... အဲဒီကိုသွားလိုက်ပါ... >>> Here <<< ထို့နောက် Create Blog ကို နှိပ်လိုက်ပါက.... Blog တစ်ခုတည်ဆောက်လို့ပြီးသွားပါပြီ။။.....။။ ပို့စ် တင်တဲ့အပိုင်းကို ဆက်လက်တင်ပြပါဦးမည်။ 

မကြာမီ... လာမည်...... မျှော်
လာမည်..... ကြာမည်ပေါ့နော်

အားလုံးကိုကျေးဇူးတင်ပါတယ်... အဆင်မပြေတာလေးရှိရင်.... Comment ပေးတာဖြစ်ဖြစ် C box ကဖြစ်ဖြစ်.... မှတ်ချက်လေးများထားသွားနိုင်ပါတယ်.

1 ထင်မြင်ချက်:

  1. ဘလော့ ပြုလုပ်ကြမယ်။ အပိုင်း (၁) >>>>> Download Now

    >>>>> Download Full

    ဘလော့ ပြုလုပ်ကြမယ်။ အပိုင်း (၁) >>>>> Download LINK

    >>>>> Download Now

    ဘလော့ ပြုလုပ်ကြမယ်။ အပိုင်း (၁) >>>>> Download Full

    >>>>> Download LINK

    ReplyDelete

လာရောက်အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။
အဆင်မပြေတာရှိရင် comment ပေးတာပဲဖြစ်ဖြစ်၊ cbox ထဲမှာ message ထားခဲ့တာပဲဖြစ်ဖြစ် ဆွေးနွေးနိုင်ပါသည်။

Flash Labels by NBT

 
Support : ကျွန်ုပ်၏ ကျောင်း | My School | မြတ်မင်္ဂလာ
Copyright © 2013. ကျွန်ုပ်၏ ကျောင်း - All Rights Reserved
Template Created by My School Published by Justin Philippe
Proudly powered by Blogger