စာလုံး/အကြီး+ နှင့် -အသေး
နွေးထွေးစွာကြိုဆိုပါ၏လေ့လာပါ၊ သင်ယူပါ၊ မျှဝေပါ

Android အရုပ်လေးကို Coding လေးတွေနဲ့လုပ်ရအောင်


ဒီတစ်ခါတော့.. Android အရုပ်လေးကို..ဘာပုံမှမပါပဲနဲ့.. HTML, CSS သုံးပြီးတော့..ဆွဲကြည့်ရအောင်နော်.။
ပေးထားတဲ့.. code တွေကို.. copy ကူးလိုက်ပါ..။


code တွေကို.. notepad ထဲထည့်လိုက်ပါ.။ င်္File ထဲက save နှိပ်ပြီး.. android.html ဆိုပြီး.. desktop မှာ save လုပ်လိုက်ပါ..။ ပြီးရင်.. desktop ပေါ်က.. android.html ကို double click နှိပ်ပြီး.. ဖွင့်လိုက်ပါ..။ Android အရုပ်ပေးပေါ်ကို. mouse တင်ကြည့်ပါ..။ အရုပ်လေးက..လှုပ်နေပါလိမ့်မယ်... ^_^

ဝန်ခံချက်။          ။ Technological Villa မှ ကူးယူတင်ပြပါသည်။

Code သုံးပြီး.animation လုပ်ရအောင်


ဒီတစ်ခါတော့..သစ်ပင်လေးတစ်ပင်ကို html , javascript နဲ့ css သုံးပြီး.. animation တစ်ခုဖန်တီးကြမယ်.. :) အောက်မှာပြထားတဲ့ code တွေကို.. copy ကူးလိုက်ပါ..။


ပြီးရင်.. notepad မှာထည့်လိုက်ပါ..။ tree.html ဆိုပြီး.. desktop မှာ.. save လုပ်လိုက်ပါ့မယ်..။ desktop မှာ..အခုသိမ်းလိုက်တဲ့.. tree.html ဖိုင်လေးကို.. double click နှိပ်ပြီး ဖွင့်လိုက်ပါ..။ ဘာပုံမှမပါဘဲ..animation tree လေးကို..တွေ့ရပါလိမ့်မယ်.. ^_^

ဝန်ခံချက်။       ။  Technological Villa   မှကူးယူတင်ပြပါသည်။

Hard Disk ပျက်ရင်ဘယ်လိုသိနိုင်မလဲ (သို့ ) Hard Disk ပျက်ရသည့်အကြောင်းများ



Hard Disk ပျက်ရင်ဘယ်လိုသိနိုင်မလဲ (သို့ ) Hard Disk ပျက်ရသည့်အကြောင်းများ...

Hard disk ပျက်ရသည့်အကြောင်းများ
Hard disk ပျက်ရသည့်အကြောင်းဆွေးနွေးကြည့်ရအောင်...
Hard disk ပျက်ရခြင်းအကြောင်းရင်းများမှာအောက်ပါအကြောင်းများကြောင့်ဖြစ်နိုင်သည်

1.Firmware Corruption / Damage to the firmware zone
2.Electronic Failure
3.Mechanical Failure
4.Logical Corruption

1.Firmware Corruption / Damage to the firmware zone
Hard disk မှာ firm ware chip လေးပါရှိတယ် အဲဒီ firm ware chip လေးအတွင်းမှာ hard disk နဲ့ ပက်သက်တဲ့ information တွေထည့်ထားတယ် ..cylinder head sector ဘယ်လောက်ပါတယ် rpm ဘယ်လောက်နဲ့လုပ်တယ်ဆိုတာထည့်သွင်းထားပေးတယ်..ဒါကို firm ware zone လို့ လည်းခေါ်တယ်..အဲဒီလိုပါရှိလို့ သာ bios က hard disk information တွေကိုသွားဖတ်နိုင်တယ်..auto detect လုပ်လိုက်တာနဲ့ information တွေကိုသိနိုင်ပါပြီ..ဒီလို firm ware ပျက်စီးသွားရင် bios က မဖတ်နိုင်တော့ပါဘူး ဒါမှမဟုတ် hard disk firm ware က information တွေကို bios ကိုမပို့ ပေးနိုင်တော့ပါဘူး..ဒါကို firm ware corruption လို့ ခေါ်တယ်…ဒါကြောင့် hard disk ပျက်စီးနိုင်တဲ့ အချက်မှာ hard disk firmware ပါဝင်ပါတယ်..

2.Electronic Failure
Electronic failure က logic board လို့ ခေါ်တဲ့ hard diskအောက်ခြေမှာ ပါရှိတဲ့  controller board နဲ့ ဆက်စပ်နေပါတယ်..ရုတ်တရက် မီးအားမြင့်တက်တဲ့ အခါမျိုးမှာ controller board က over load မခံနိုင်တော့ပဲ လောင်သွားနိုင်ပါတယ် အဲဒီအခါမှာ bios ကို detect မလုပ်နိုင်တော့ပါဘူး..bios က hard disk ကိုမသိရင် ဘာမှဆက်လုပ်လို့ မရပါဘူး..

3. Mechanical Failure
Hard disk ကိုလွတ်ကျလို့ ပဲဖြစ်စေ ထိခိုက်မိလို့ ပဲဖြစ်စေ သို့ မဟုတ် hard disk အတွင်းပိုင်းမှ component တစ်ခုခု ချို့ ယွင်းပါက hard disk ပျက်စီးနိုင်သည်..

4. Logical Errors
Hard disk အတွင်း မှာရှိတဲ့ platter ပြားမှာ cylinder head sector တွေနဲ့ ဖွဲ့ စည်းထားပါတယ် အဲဒီ cylinder head sector တွေ ပျက်စီးသွားရင် bad sector တွေဖြစ်သွားရင် ဒေတာတွေရေးမှတ်လို့ မရတော့ပါဘူး hard disk ကို detect မိနေသော်လည်း (hard disk ကို bios မှတွေ့ ရှိနေခြင်း) operating system ကောင်းမွန်စွာအလုပ်မလုပ်ခြင်း ၊ OS တင်လို့ မရခြင်း ၊ OS တင်လို့ ရသောလည်း စက် hang ခြင်းစသောအကြောင်းရာဖြစ်နိုင်သည် ကျနော်သူငယ်ချင်းတစ်ယောက်တွင် master boot record area ပျက်စီးသွားခြင်းကြောင့် OS တင်လို့ မရတော့ပါ..ထိုကဲ့ သို့ ဖြစ်ခြင်းကို logic error ဟုခေါ်သည်..ဒါဟာ hard disk ကိုပျက်စီးစေနိုင်သောအကြောင်းတရားများဖြစ်ပါတယ်…

Hard disk ပျက်တယ်ဆိုတာဘယ်လိုသိနိုင်မလဲ..
bios မှာ detect မမိတော့ဘူး hard disk ကိုမပေါ်တော့တာ..ဒေတာတွေသိမ်းလို့ မရတော့ဘူး…operating system ကောင်းကောင်းအလုပ်မလုပ်တော့ဘူး စက်ကတက်လာလို့ ခနလေးပဲအလုပ်လုပ်ရသေးတယ် ဘာမှကို ဆက်ပြီးအလုပ်လုပ်လို့ မရတော့တဲ့ လက္ခဏာ တွေ ကိုတွေ့ ရတတ်တယ်..တစ်ခါတရံ hard disk အသံကိုဂရုစိုက်နားထောင်ကြည့်ရင် ဒစ် ဒစ် ဒစ် နဲ့ မြည်နေတတ်ပါတယ် ဒါပေမဲ့  bios က detect မမိဘူးဆိုပြီး hard disk ပျက်ပြီလို့ တော့ တရားသေသတ်မှတ်လို့ မရဘူး..hard disk ကိုပေးထားတဲ့ power connector မမိတာလည်းဖြစ်နိုင်တယ် ကြိုးမကောင်းတာလည်းဖြစ်နိုင်တယ်…ဒါက hard disk တစ်ခုတည်းတင်မဟုတ်ပဲ.. အခြားသော hardware device တွေကို ပြစ်ချက်စဉ်းစားတဲ့နေရာမှာ ဖြစ်နိုင်ခြေကိုအမျိုးမျိုး လည့်စဉ်းစားရ ပါတယ်…ကြိုးတွေကို သေသေချာချာ ထိထိမိမိတပ်ဆင် ပေးပါ..hard disk မှာ IDE drive ဆိုရင် jamper တွေကို master /slave ခွဲပေးထားသလားကြည့်ပါ.. တခါတရံမှာကြိုးလေးကို သေချာပြန်တပ်ပေးလိုက်တာနဲ့ အဆင် ပြေသွားနိုင်ပါတယ်.. နောက်တစ်ချက်က bios ထဲမှာ first boot ကို hard disk ကြေငြာထား သလားစစ်ဆေး ကြည့်ပါ..first boot device ကို floppy ပေးထားတာမျိုး disable ပေးထား တာမျိုးဆိုရင် OS မတက်ပဲ ဖြစ်တတ်ပါတယ်..မိမိ hard disk bios မှာ detect မမိတော့ဘူးဆိုရင် အခြား စက်တစ်လုံးမှာသွားတပ်ကြည့်ပါဦး အခြားစက်တစ်လုံးမှာလည်း detect မမိဘူးဆို၇င် hard disk ပျက်ပြီလို့ ယူဆနိုင်ပါတယ်..ဒီလိုဆိုရင်တော့ hard disk ကို service ဆိုင်ပို့ ပြီးပြင်ခိုင်းသင့်ပြင်ရပါမယ်.. အထဲကဘာဖြစ်တာလဲ မသိဘူး ဆိုပြီး hard disk ကိုသွားမဖွင့်လိုက်ပါနဲ့ hard disk ကို lab အခန်းမှာမဟုတ်ပဲမဖွင့်သင့်ပါ..ဖွင့်လိုက်ပါက 90% ပျက်ဖို့ များပါတယ်.. service ဆိုင်ပို့ ပြီးပြင်ခိုင်းခြင်း ဒါမှမဟုတ် အသစ်တစ်လုံးဝယ်လဲခြင်းပြုလုပ်ရမှာဖြစ်ပါတယ် ….
credit -  မြန်မာမိသားစုဖိုရမ်
 

ဝင်းဒိုတင်နည်း

PC တစ်လုံး ဆင်ပြီးသွားပြီဆိုရင် အရင်ဆုံး လုပ်ရမယ့် အရာတွေက Operating System တစ်ခုခု တင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ရပါမယ်။
(၁) Operating System ခွေ ကြိုတင်ရယူပါ။
OS တွေထဲမှာ လူသုံးများတာကတော့ Windows, Linux, Mac OSX, ... ဆိုတာတွေရှိတယ်။ တော်တော်များများကတော့ Windows သုံးကြတာများတယ်။ အဲ့တော့ ကိုယ့်စက်နဲ့ သင့်တော်မယ့် Windows အမျိုးအစား တစ်ခုခုကို စဉ်းစားပြီး တတ်နိုင်တယ်ဆိုရင်လည်း Windows ကို လိုင်စင်လေးနဲ့ ဝယ်သုံးပေါ့။ တကယ်လို့ မတတ်နိုင်ရင်လည်း Windows ခွေတွေကို Internet မှာ ကြိုက်သလို ဒေါင်းလုပ်ချလို့ရတယ်။  အဲ့တော့ WIndows 7 Ultimate ဖြစ်ဖြစ် Windows 8 Pro ဖြစ်ဖြစ် တင်ပေါ့။ Windows တင်နည်းတွေကတော့ အင်တာနက်ထဲမှာ လူတော်တော်များများ မြန်မာလိုရေးထားတာရှိတယ်။ PDF လုပ်ပြီး တင်ပေးထားတာတောင် မနည်းမနောပဲ။ ကျွန်တော်ရှာကြည့်တာ ဒီနေရာမှာ တင်ပေးထားတဲ့ Window XP, 7, 8 Installation လုပ်ပုံလုပ်နည်း စာအုပ်လေး မဆိုးဘူး။ Windows မျိုးစုံ တင်နည်းစာအုပ်(Windows Vista, XP, 7, 8) တွေလိုချင်ရင်တော့ ဒီနေရာမှာ ယူလို့ရတယ်။ တကယ်လို့ CD/DVD တွေနဲ့ မတင်ချင်တာပဲဖြစ်ဖြစ် ကိုယ့်စက်မှာ Drive မပါရင်ပဲ ဖြစ်ဖြစ် Windows Vista, 7, 8 ကို ဆော့ဝဲမသုံးပဲ USB ကနေ တင်လို့ရတယ်။ နည်းကို ဒီနေရာမှာ ဖတ်ကြည့်လိုက်ပါ။ Format ချနည်း Partition ပိုင်းနည်း သိချင်ရင်လည်း ဒီနေရာမှာ ရေးထားတာရှိတယ်။ အဲ့ဒီ Blogger ကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်ဆို အဲ့တာတွေအားလုံး တစ်ထိုင်တည်း မရေးနိုင်ဘူး။ အခုတော့ အသင့်ခူးစားယုံလေးပဲ။

(၂) Driver ခွေ လက်ဝယ် ထားရှိပါ။
Windows တင်ပြီးပြီပဲ ဆိုကြပါစို့။ ကိုယ့်စက်မှာ တင်ထားတဲ့ Devices တွေနဲ့ OS နဲ့ သေချာချိတ်ဆက်ပြီး အလုပ်ကောင်းကောင်းလုပ်အောင် Drivers ဆိုတာ တင်ပေးရတယ်။ များသောအားဖြင့်တော့ PC ပဲဆင်ဆင် Laptop တို့ Notebook တို့ပဲ ဝယ်ဝယ် ဆိုင်တွေက Driver ခွေဆိုပြီး သီးသန့်ထည့်ပေးတတ်တယ်။ PC ဆင်ထားတဲ့ သူဆိုရင်တော့ Motherboard Driver ခွေနဲ့ Graphic Card တပ်ထားရင် Graphic Driver ခွေ အဓိကလိုတယ်။ Windows တင်ပြီးပြီဆိုရင် အဲ့ဒီ့ သက်ဆိုင်ရာ Driver တွေ သီးသန့်တင်ပေးရတယ်။ Windows 8 ဆိုရင်တော့ သိပ်မလိုဘူး။ Windows 7 ဆိုရင်တော့ Graphic Driver တင်ဖို့လိုကောင်းလိုတတ်တယ်။ Windows XP တင်ရင်တော့ အားလုံးနီးပါး တင်ပေးရတာများတယ်။

(၃) မိမိစက်တွင် အသုံးပြုမည့် Software များ ကြိုတင်စုဆောင်းပါ။
Windows ရော Drivers တွေရော တင်ပြီးပြီဆိုရင် ကိုယ့်စက်မှာသုံးမယ့် Software တွေ လက်ဝယ်အသင့်ရှိထားဖို့လိုတယ်။ မရှိသေးရင် ဆိုင်တွေမှာဝယ်လည်းရတယ်။ အင်တာနက်ကနေ ဒေါင်းလုပ်ချလည်းရတယ်။ ကြိုက်တဲ့နည်းနဲ့ ကိုယ်သုံးမယ့် Software တွေ စုထားပါ။ မဟုတ်ရင် ဆိုင်သွားပြီး တင်ခိုင်းရင် ပိုက်ဆံထပ်ပေးနေရမယ်။ တချို့ဆိုင်တွေကတော့ ကွန်ပြူတာဝယ်ရင် Software အလကားထည့်ပေးတတ်တယ်။

အဲ့တာတွေအားလုံးပြီးရင်တော့ ကွန်ပြူတာ တစ်လုံး သုံးဖို့ အသင့်ဖြစ်ပါပြီ။




credit to - မြန်မာမိသားစုဖိုရမ်
 

Ornagai Online Dictionary


သူငယ်ချင်းတို့အတွက် Online Dictionary လေးတစ်ခု တင်ပြလိုက်ပါတယ်။ အင်္ဂလိပ် ~ မြန်မာ ၊ မြန်မာ ~ အင်္ဂလိပ် ကိုကြိုက်သလိုပြောင်းသုံးလို့ပါတယ်။
Total English To Myanmar Word : 37441
Total Myanmar To English Word : 62626
အသုံးပြုချင်ရင်တော့ >>> ဒီမှာ

McAfee



McAfee ရဲ့ navigation ဟာအသုံးပြုရ ရိုးရှင်းလွယ်ကူတဲ့အတွက် user တွေကို အဆင်ပြေလွယ်ကူစေပါတယ်။ တစ်ခါတစ်လေ zonealarm နဲ့ McAfee ကိုတွဲသုံးတဲ့အခါမှာတော့ McAfee ကို ပိတ်ထားဖို့တော့ ညွန်ကြားလေ့ ရှိပါတယ်။ McAfee ဟာ ဖိုင်အရေအတွက် ခြောက်သောင်းကို စစ်ဆေးဖို့အတွက် အချိန် တစ်နာရီခွဲလောက်ကြာတက်ပါတယ်။
သုံးသပ်ချက်
အားသာချက်  -  McAfee ကိုအသုံးပြုတဲ့ စက်အနေနဲ့ လေးနှစ်လောက် ဗိုင်းရပ်စ်မတက်ဘဲ ကာကွယ်ပေးနိုင်ပါတယ်။ McAfee ရဲ့ Update ဖိုင်တွေရဲ့ စွမ်းဆောင်ရည်ဟာလည်း မြင့်မားပါတယ်။
အားနည်းချက်  - McAfee ဟာ system resource တွေပေါ်မှာ လေးလံမှုတွေ ဖြစ်စေပါတယ်။ ကွန်ပျူတာ စဖွင့်ဖွင့်ချင်းမှာ အရမ်းနှေးပြီး တစ်ခါတလေ ဆော့ဖ်ဝဲ အသစ်တွေ install လုပ်ရတာ ခက်ခဲလို Windows upgrate လုပ်ရာမှာလည်း အခက်အခက်တစ်ချို့ရှိနေပါတယ်။

Bit Defender


Bit Defender ဟာဈေးသက်သာသလို သုံးရတာလွယ်ကူထိရောက်မှုရှိပြီး malware ရဲ့ခြိမ်းခြောက်မှုတွေကို ချက်ချင်း သိရှိနိုင်ပါတယ်။ ဒါကြောင့်လည်း Bit Defender ဟာ antivirus ထုတ်ကုန်တွေထဲမှာ ထိပ်ဆုံးက ရပ်တည်စေတာပဲ ဖြစ်ပါတယ်။ အဲဒါဟာ worm တွေရဲ့ ၄၃ ရာခိုင်နှုန်းနဲ့ blackdoor ပရိုဂရမ်တွေရဲ့ ၅၇ ရာခိုင်နှုန်းကို ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်ပြီး ဗိုင်းရပ်စ် definition ဟာလည်း တစ်လကြာခံနိုင်ရည်ရှိပါတယ်။ ဒါ့အပြင် Bit Defender ဟာ backdoor ၊ hoax နဲ့  Trojan horses စတဲ့ ဗိုင်းရပ်စ်အမျိုးအစား ၉၃ ရာခိုင်နှုန်းကို သိရှိပြီး Bit Defender ရဲ့ scan speed ကိုးမိနစ်နဲ့ ၁၆ စက္ကန့်ပဲ ကြာမြင့်ပြီး လျင်လျင်မြန်မြန် ဗိုင်းရပ်စ် စစ်ဆေးပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် Bit Defender မှာ အားနည်းချက် အနည်းငယ်ရှိတာကိုလည်း တွေ့ရပါတယ်။ General information ကိုပေးတဲ့အချက်ဟာ last system scan ရဲ့ information နဲ့ဆော့ဖ်ဝဲ update ကို ပဲ ပေးနိုင်ပါတယ်။ တကယ့် information စစ်စစ်တွေဖြစ်တဲ့ update ကိုပေးစွမ်းနိုင်တဲ့ tab ဟာ screen ရဲ့ ဘယ်ဘက်ခြမ်းမှာ ဖြစ်နေပါတယ်။ ဒါဟာ လိုအပ်နေတဲ့အချက်ကို screen မှာအလွယ်တကူ မရှာဖွေနိုင်ဘဲ scan လုပ်ရတဲ့အခါမှာ အနည်းငယ်ရှာဖွေရခက်ခဲနေတာပဲ ဖြစ်ပါတယ်။
သုံးသပ်ချက်
အားသာချက် -  စက်နှေးကွေးမှုမရှိတာ၊ ဗိုင်းရပ်စ်တော်တော်များများကို ရှာဖွေတာ၊ data ပျောက်ဆုံးပျက်စီးမှုနည်းတာ။
အားနည်းချက် - မရှိသလောက်ပါပဲ။
Bit Defender Test Scores
Overall : 92

ဒေါင်းချင်တယ်ဆိုရင်တော့.....

Autorun.inf Virus ကို Command Prompt ဖြင့်ရှင်းရအောင်




ကျွန်တော်တို့တွေဟာ မိမိတို့ရဲ့ ကွန်ပျူတာမှာ USB Drive မှတစ်ဆင့် Autorun Virus  တွေမ၀င်ရောက်နိုင် ဖို့အတွက်  USB Disk Security  လိုမျိုး  Software မျိုးတွေကို အသုံးပြုပြီး ကာကွယ် တက်ကြပါတယ် .. ဒါပေမယ့် မိမိတို့ရဲ့ စက်ကို Autorun.inf  Virus ၀င်ရောက်သွားပြီး Virus ကနေ မိမိတို့ကွန်ပျူတာရဲ့ System ပိုင်းတွေကို ဖျက်စီး လိုက်ပြီး  မိမိတို့ ကွန်ပျူတာမှာ တင်ထားတဲ့ Antivirus Software တွေကလည်း အလုပ်မလုပ် တော့တဲ့ အခါမှာ .. ရှိပြီးသားကို ဖြုတ်ပြီး အသစ်ပြန်တင်တဲ့ အခါမှာလည်း လက်မခံတော့ ဘူးဆိုရင်  Autorun.inf နဲ့တစ်ခြား  Autorun viruses  တွေကို သတ်ဖို့ အတွက် Commond Prompt ကိုအသုံးပြုတဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် ..

အရင်ဆုံး Keyboard မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ cmd လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Commond Prompt လေးပေါ်လာပါလိမ့်မယ် ..ပြီးရင်တော့ ကျွန်တော် အောက်မှာ ပြောထားတဲ့ အဆင့်လေးတွေ အတိုင်း ရိုက်ထည့်ပေးသွားပါ ..


အရင်ဆုံး cd\  လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ..
ပြီးရင် attrib -h -r -s autorun.inf  ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင်တော့                Autorun.inf  virus ကို Drive C : ကနေစပြီး ရှာပေးသွားမှာ ဖြစ်ပါတယ် ..
ပြီးရင်တော့ del autorun.inf  ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Autorun.inf virus ကို Delete လုပ်ပေး သွားပါလိမ့်မယ် ..
ပြီးရင်တော့ တစ်ခြား Drive တွေ အားလုံးကို တစ်ခုချင်းစီ ရိုက်ထည့်ပြီး စစ်ပေးလိုက်ပါ .. ဥပမာ d: လို့ရိုက်ထည့်ပြီး D:\>  လို့ပေါ်လာပြီဆို ရင် အပေါ်ကအဆင့်အတိုင်း attrib -h -r -s autorun.inf  ကိုရိုက် ထည့်ပြီး စစ်ပေးလိုက်ပါ .. မိမိတို့ Computer မှာရှိတဲ့ Drive တွေ အားလုံးကို စစ်ပြီးပြီ ဆိုရင်တော့ စက်ကို Restart ချပေးလိုက်ယုံပါပဲ ..

Folder လေးတွေကို Software မပါပဲ ဖျောက်ကြမယ်


ကွန်ပျူတာ တစ်လုံးကို အများသုံးရတဲ့စက်တွေမှာ မိမိရဲ့ စာတွေ ၊ ဓါတ်ပုံတွေကို အခြားသူများဖတ်လို့ ကြည့်လို့ မရအောင် သီချင်းများ နာထောင်လို့ မရအောင် အမျိုးမျိုးလုပ်ကြပါတယ်။ Software တွေသုံးပြီလဲ ဖတ်လို့ကြည့်လို့မရအောင်လုပ်ကြပါတယ်။ (ဥပမာ။ ။ folder lock လို software တွေပါ။)အောက်မှာကြည့်လိုက်ပါ။ software တွေကိုနောက်မှပဲ တင်ပေးတော့မယ် ..... :P

နည်းလမ်း -၁
1. ကွန်ပျူတာရဲ့ Desktop ပေါ်မှာ ဦးစွာ Right click ထောက်လိုက်ပါ။ ကျလာသော box မှ New Folder ကို click လိုက်ပါ။

ထိုနောက် Keyboard မှ Alt+255 ဒါမှမဟုတ် Alt+0160 ကို click လိုက်ပါ။ အောက်ပါအတိုင်း rename (F2)နေရာမှာ အပြာ အတုံအသေးလေး ဖြစ်သွားပါလိမ်မည်။
အထက်ပါအဆင့်ပြီရင် အဲဒီ Icon မှာဘဲ Right click ပေးလိုက်ပါ။ properties ကို ထပ် click လိုက်ပါ။ အောက်ပါအတိုင်းကျလာတဲ့ box မှ Customize ကို click လိုက်ပါ။ ပြီရင် Change Icon ကို ထပ် click လိုက်ပါ။
အောက်ပါအတိုင်းကျလာသော box မှာ blank ကို click လိုက်ပါ။ ပြီရင် ok ကို click ပေးလိုက်ပါ။ Custmize မှ Apply ဒါမှမဟုတ် ok ကို click ပေးလိုက်ပါ။ ဒါဆိုရင် Desktop ပေါ်မှာ မိမိ folder ပျောက်သွားပါပြီ။

ပြီရင် Desktop ပေါ်မှာ Right click ပေးပြီ Arrange Icon By မှ Auto Arrange ကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။ ပြီရင် မိမိဖျောက်လိုက်တဲ့ folder ကို Refresh ပေးပြီ ကြည့်လိုက်ပါ။ ပြီရင် Desktop ပေါ်မှာ မိမိပို့ချင်တဲ့နေရာမှာ ပို့ပြီ မိမိထည့်ချင်တာတွေကို မသိမသာလေး ထည့်ထားလိုက်ပေါ့ခင်ဗျာ။။ဒါဆိုရင် အလွယ်မတွေ့တော့တဲ့အတွက် ဘယ်သူမှ ဖွင့်မကြည့်တော့ဘူးပေါ့ခင်ဗျာ။


Desktop >> Right >> New >> Folder
*********
Folder >> Right >> Rename(F2) >> Alt + 255 or Alt + 0160
*********
Folder >> Right Click >> Properties >> Customize >> Change Icon 


အင်တာနက်မှ အလွယ်တကူရှာဖွေနည်း


ပိုမိုတိကျသော result များရရှိအောင် ရှာဖွေနိုင်သည့် အခြေခံနည်းစနစ်များကို ဖေါ် ပြလိုပါသည်။ ထိုနည်းစနစ်များသည် search engine အများစုတို့တွင် အသုံးပြုနိုင်မည့် အခြေခံအကျဆုံးသော နည်းစနစ်များပင်ဖြစ်ပါသည်။ ၎င်းတို့မှာ
1. Search Engine Math
2. Boolean Searching
3. Field Searching တို့ပဲဖြစ်ပါသည်။

1. Search Engine Math
       ပိုမို၍တိကျကောင်းမွန်သော result များရရှိအောင် keyword များနှင့် အပေါင်း (+)၊ အနှုတ် (-) လက္ခဏာများတွဲဖက်အသုံးပြုပုံကို ဖော်ပြပေးသွားပါမယ်။ ယခုအောက်မှာဖော်ပြသွားမယ့်အချက်တွေက search engine အများစုမှာ သုံးနိုင်သည့် အခြေခံအကျဆုံးသော အရာများပဲဖြစ်ပါသည်။

"+" ကို ကိုယ်အဓိကလိုချင်တဲ့ အရေးကြီးဆုံးဖြစ်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါသည်။ သဘောကတော့ search engine ကို Webpage တိုင်းမှာ အဲဒီ keyword ပါရမယ်ဆိုပြီး ရှာခိုင်းလိုက်တာဖြစ်ပါတယ်။
  ဥပမာ   +challenger+columbia.
(+ နှင့် keyword ကြားမှာ Space မခြားရ) result အနေနဲ့ကတော့ search engine ကရှာပေးလိုက်တဲ့ webpage တိုင်းမှာ challenger နှင့် columbia ဆိုတဲ့စကားလုံး 2 လုံးစလုံးပါပါလိမ့်မည်။

"-" ကို ကိုယ်မလိုချင်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါမည်။ သဘောကတော့ search engine ကို အဲဒီ keyword ပါတဲ့ webpage များကို  ဖယ်ထားခဲ့ဖို့ခိုင်းလိုက်တာဖြစ်ပါတယ်။
ဥပမာ  +challenger -columbia
result အနေနဲ့ကတော့ search engine ရှာပေးခိုင်းလိုက်တဲ့ webpage တိုင်းမှာ columbia ဆိုတဲ့ စကားလုံး လုံးဝပါလိမ့်မည်မဟုတ်ပါ။

စကားလုံးတစ်လုံး မဟုတ်ပဲ စကားစုတစ်စုကို ရှာလိုတဲ့အခါမှာ double quotation " " ကို သုံးရပါတယ်။ သဘောကတော့ search engine ကို doubel quotation " " အမှတ်အသားထဲမှာရှိတဲ့ စကားစုအတိုင်းကို အတိအကျပါတဲ့ webpage များကိုရှာခိုင်းခြင်း ဖြစ်ပါတယ်။
ဥပမာ  "who moved my cheese"
result အနေနဲ့ကတော့ who move my cheese ဆိုတဲ့စကားစုပါတဲ့ webpage များကိုသာ ဖော်ပြပါလိမ့်မည်။

သချာင်္ပညာရပ်မှာဆိုလျှင်  သင်္ကေတ  ~ သည် အနီးစပ်ဆုံး approximately ဆိုတဲ့ သဘောဆေင်တယ်ဆိုတာ အများသိပြီးဖြစ်ပါတယ်။ အဲဒီလို အများသိပြီးဖြစ်တဲ့ မှတ်သားရလဲလွယ်တဲ့ ဒီသင်္ကေတကို Google တွင် အနီးစပ်ဆုံးအဓိပ္ပါတယ်ဆင်တူသည့် စကားလုံးများကို ရှာဖွေနိုင်သည့် operator တစ်ခုအဖြစ်အသုံးပြုနိုင်ပါသည်။ စကားလုံးတစ်လုံး၏ အရှေ့မှာ Synonyms operator (~) ကို ထည့်သွင်းရှာဖွေတဲ့အခါမှာ ထိုစကားလုံး နှင့် အဓိပ္ပါယ်ဆင်တူသော အခြားစကားလုံးများကိုပါ ရှာဖွေဖေါ်ပြမှာဖြစ်ပါသည်။ ဆိုရရင် health ~data ဟုထည့်သွင်းရှာဖွေပါက data နှင့်အဓိပ္ပါယ်ချင်းဆင်တူသော information, statistics စကားလုံးများပါဝင်သော ကျန်းမာရေးနှင့်ဆိုင်သည့် webpage များကို ရရှိပါလိမ့်မည်။ အလားတူပင် ~run ဟုရှာဖွေလျှင်လည်း run စကားလုံးနှင့် ဆင်တူသော runners, running, marathon စကားလုံးများပါသော webpage များကို ရရှိမှာဖြစ်ပါသည်။

စကားစု (phrase) နှင့် စကားလုံးများကို +, - " " သင်္ကေတများနှင့် တွဲသုံးပုံကို လေ့လာကြရအောင်
ဥပမာ   +"white house" +clinton -lewinsky
သဘောကတော့ search engine ကို white house ဆိုတဲ့စကားစုပါရမယ်။ clinton ဆိုတဲ့ စကားလုံး ပါရမယ်။ lewinsky ဆိုတဲ့စကားလုံးမပါတဲ့ webpage များကို ရှာခိုင်းလိုက်တာ ဖြစ်ပါတယ်။

အချို့သော search engine များဟာ case sensitive ဖြစ်ပါတယ်။ စကားလုံးတစ်လုံးကို စာလုံးအသေး (lower case)နဲ့ရှာခိုင်းရင် အသေးရော အကြီးပါ 2 မျိုးစလုံးပါတဲ့ webpage များကို ရှာပေးပါလိမ့်မယ်။
ဥပမာ    minister
result အနေနဲ့ကတော့ minister နှင့် Minister 2 မျိုးစလုံးပါသော webpage များကို ဖော်ပြပါလိမ့်မယ်။
စလုံးအကြီး (upper case) နဲ့ရှာခိုင်းရင်တော့ လုံးဝထပ်တူညီတဲ့ စကားလုံးပါသော webpage များကိုသာ ရှာပေးပါလိမ့်မယ်။
ဥပမာ   Minister
result အနေနဲ့ကတော့ Minister ဆိုတဲ့စကားလုံးပါသော webpage များကိုသာ ဖော်ပြပါလိမ့်မည်။
(မှတ်ချက်။            ။ Google ဖြင့် ရှာဖွေပါက case sensitive မဖြစ်ပါဘူး။ minister ဖြစ်စေ၊ Minister ဖြစ်စေ တူညီသော result ကို ရရှိစေမှာဖြစ်ပါတယ်။)

Wildcords (*) ကို စကားလုံးတစ်လုံးတည်းကိုပဲ spelling အမျိုးမျိုးနဲ့ တစ်ကြိမ်ထဲမှာပဲ စုပေါင်းရှာခိုင်းချင်ရင်သုံးပါတယ်။
ဥပမာ    librar
result အနေနဲ့ကတော့ library, libraries, librarian အစရှိတဲ့ စကားလုံးပါဝင်သော webpage များကို ဖော်ပြပါလိမ့်မည်။

Keyboard Shortcut



ဒီနေ့ကျနော်တို့ကွန်ပျူတာကိုအစဉ်မြဲသုံးနေကြတဲ့ရွှေညီအကိုအားလုံးကိုချစ်ခင်လေးစားစွာနဲ့
ကွန်ပျူတာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံလေးကိုအောက်မှာဖော်ပြပေးထားပါတယ်။
သိပြီးကြသူတွေလည်းများမယ်ထင်ပါတယ်၊မသိကြသေးတဲ့ချစ်မိတ်ဆွေအားလုံးအတွက်လိုအပ်တာ
လေးတွေရှိခဲ့ရင်အဆင်ပြေအောင်ပါ။ရေးမှားပြောမှားတာတွေရှိရင်လည်းခွင့်လွတ်နားလည်ပေး
လိမ့်မယ်လို့မျော်လင့်ပါတယ်၊

အဆင့်၁။General keyboard shortcuts

Ctrl + A = Select all
Ctrl + C = Copy the highlighted content to clipboard
Ctrl + V = Paste the clipboard content
Ctrl + N = New (Create a new document, not in terminal)
Ctrl + O = Open a document
Ctrl + S = Save the current document
Ctrl + P = Print the current document
Ctrl + W = Close the close document
Ctrl + Q = Quit the current application


အဆင့်၂။Keyboard shortcuts for GNOME desktop

Ctrl + Alt + F1 = Switch to the first virtual terminal
Ctrl + Alt + F2(F3)(F4)(F5)(F6) = Select the different virtual terminals
Ctrl + Alt + F7 = Restore back to the current terminal session with X
Ctrl + Alt + Backspace = Restart GNOME
Alt + Tab = Switch between open programs
Ctrl + Alt + L = Lock the screen.
Alt + F1 = opens the Applications menu
Alt + F2 = opens the Run Application dialog box.
Alt + F3 = opens the Deskbar Applet
Alt + F4 = closes the current window.
Alt + F5 = unmaximizes the current window.
Alt + F7 = move the current window
Alt + F8 = resizes the current window.
Alt + F9 = minimizes the current window.
Alt + F10 = maximizes the current window.
Alt + Space = opens the window menu.
Ctrl + Alt + + = Switch to next X resolution
Ctrl + Alt + - = Switch to previous X resolution
Ctrl + Alt + Left/Right = move to the next/previous workspace


အဆင့်၃။Keyboard shortcuts for Terminal

Ctrl + A = Move cursor to beginning of line
Ctrl + E = Move cursor to end of line
Ctrl + C = kills the current process.
Ctrl + Z = sends the current process to the background.
Ctrl + D = logs you out.
Ctrl + R = finds the last command matching the entered letters. Enter a letter, followed by Tab + Tab = lists the available commands beginning with those letters.
Ctrl + U = deletes the current line.
Ctrl + K = deletes the command from the cursor right.
Ctrl + W = deletes the word before the cursor.
Ctrl + L = clears the terminal output
Shift + Ctrl + C = copy the highlighted command to the clipboard.
Shift + Ctrl + V (or Shift + Insert) = pastes the contents of the clipboard.
Alt + F = moves forward one word.
Alt + B = moves backward one word.
Arrow Up/Down = browse command history
Shift + PageUp / PageDown = Scroll terminal output


အဆင့်၎။Keyboard shortcuts for Compiz

Alt + Tab = switch between open windows
Win + Tab = switch between open windows with Shift Switcher or Ring Switcher effect
Win + E = Expo, show all workspace
Ctrl + Alt + Down = Film Effect
Ctrl + Alt + Left mouse button = Rotate Desktop Cube
Alt + Shift + Up = Scale Windows.
Ctrl + Alt + D = Show Desktop
Win + Left mouse button = take screenshot on selected area
Win + Mousewheel = Zoom In/Out
Alt + Mousewheel = Transparent Window
Alt + F8 = Resize Window
Alt + F7 = Move Window
Win + P = Add Helper
F9 = show widget layer
Shift + F9 = show water effects
Win + Shift + Left mouse button = Fire Effects
Win + Shift + C = Clear Fire Effects
Win + Left mouse button = Annotate: Draw
Win + 1 = Start annotation
Win + 3 = End annotation
Win + S = selects windows for grouping
Win + T = Group Windows together
Win + U = Ungroup Windows
Win + Left/Right = Flip Windows


အဆင့်၅။Keyboard shortcut for Nautilus

Shift + Ctrl + N = Create New Folder
Ctrl + T = Delete selected file(s) to trash
Alt + ENTER = Show File/Folder Properties
Ctrl + 1 = Toggle View As Icons
Ctrl + 2 = Toggle View As List
Shift + Right = Open Directory (Only in List View)
Shift + Left = Close Directory (Only in List View)
Ctrl + S = Select Pattern F2 = Rename File
Ctrl + A = Select all files and folders
Ctrl + W = Close Window
Ctrl + Shift + W = Close All Nautilus Windows
Ctrl + R = Reload Nautilus Window
Alt + Up = Open parent directory
Alt + Left = Back
Alt + Right = Forward.
Alt + Home = go to Home folder
Ctrl + L = go to location bar
F9 = Show sidepane
Ctrl + H = Show Hidden Files
Ctrl + + = Zoo
m In Ctrl + - = Zoom Out
Ctrl + 0 = Normal Size

ဝက်ဆိုက်ကို CMD ဖြင့်ကျော်ကြည့်နည်း


CMD အသုံးပြုပုံကိုတင်ပေးလိုက်ပါတယ်။ ပထမဆုံး Start Menu ထဲက Run ကိုသွားပါ။ ပြီးရင် cmd ရိုက်ထည့်ပြီးတော့ Ok သို့မဟုတ် Enter ခေါက်ပါ။ Menu တစ်ခုထွက်ကျလာပါလိမ့်မယ်။



အဲ့ဒီထွက်ကျလာတဲ့ Menu ထဲကိုဒီစာသား tracert နဲ့ ကိုယ်ကျော်မယ့်ဝက်ဆိုက် adress ကိုရိုက်ထည့်လိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။ ဥပမာ tracert www.yahoo.com
အဲ့ဒါဆိုရင် ကိုယ်ဖွင့်ချင်တဲ့ဝက်ဆိုက်ရဲ့ IP Address နံပါတ်ရလာပါလိမ့်မယ်။ ရလာတဲ့နံပါတ်ကို Mozilla Firefox ကိုဖွင့်ပြီး အဲ့ဒီနံပါတ်ကိုရိုက်ထည့်ပါ။ ပြီးတော့ Enter ခေါက်ပါ။ အဲ့ဒါဆိုရင် သော့ခတ်ထားတဲ့ ၀က်ဆိုက်ပွင့်သွားပါလိမ့်မယ်။



Cmd ကနေ ဆိုဒ်တွေကို Block မယ်


ကျွန်တော်တို့ ကျောင်းတွေမှာပဲဖြစ်ဖြစ်၊ အိမ်တွေမှာပဲဖြစ်ဖြစ် Admin Account ကနေ မိမိမလိုချင်တဲ့၊ ကလေးငယ်တွေပဲဖြစ်ဖြစ် မကြည့်စေချင်တဲ့ Web Site တွေကို Software မသုံးပဲပိတ်ထားလို့ ရပါတယ်။ လုပ်ရတာလည်း လွယ်ကူရိုးရှင်းတဲ့အပြင် Site တွေကိုလည်း အကန့်အသတ်မရှိ ပိတ်နိုင်တဲ့အတွက် အားလုံးပဲ လိုအပ်ရင် အသုံးပြူလို့ရအောင် ဝေမျှလိုက်ပါတယ်။

လုပ်နည်း
1. Start >> Cmd ကိုဖွင့်လိုက်ပါ။ (Adminstrator ဖြစ်ဖို့တော့လိုပါတယ်။ Window XP မှာဆိုရင်တော့ Start >> Run >> Cmd ကိုဝင်လိုက်ပါ။)
2. notepad C:/Windows/System32/drivers/etc/hosts ကို Cmd (Commmand Prompt ) ထဲမှာ အတိအကျရိုက်ထည့်လိုက်ပါ။


3. ကျလာတဲ့ Notepad ဖိုင်လေးရဲ့ အောက်ဆုံးနားမှာ 127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ကို ရိုက်ထည့်ပေးလိုက်ပါ။ ကျတော်ကတော့ ဥပမာအနေနဲ့ facebook နဲ့ပြထားပါတယ်။



4. Save ပြီး ပိတ်လိုက်ပါ။ Cmd ကိုလည်း Exit လုပ်လိုက်ပါ။
5. ဒါဆို Facebook ကိုဝင်လို့မရတော့ပါခင်ဗျာ။
တကယ်လို့ ပြန်ဝင်ချင်တယ်ဆိုရင်တော့ (127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ) လေးကို ပြန်ဖျက်ပေးလိုက်ပါ။ ဒါဆိုပြန်ဝင်လို့ ရပါပြီ။







CMD ကိုပိတ်ထားရင် ရအောင်ဖွင့်မယ်


gpedit.msc ကနေ ပိတ်ဖွင့်နည်း၊ ဆော့လ်ဝဲသုံး ပိတ်ဖွင့်နည်း ၊ စတာတွေဘဲ တင်ခဲ့တာ တွေ့လို့ ကျွန်တော်က Regedit ၊ bat ဖိုင်သုံးပြီ ဖွင့်တဲ့နည်းကို တင်ပေးလိုက်တာပါ။ ကျွန်တော်တို့ အင်တာနက်ဆိုင်တွေ၊ ရုံးတွေ၊ကျောင်းတွေမှာ Cmd ကိုဖွင့်လို့မရအောင် ပိတ်ထားရင်ပဲ ဖြစ်ဖြစ်၊ မိမိရဲ့ စက်မှာ Cmd ကို ပိတ်ထားချင်တဲ့ အခါမျိုးမှာ ပဲဖြစ်ဖြစ် အဆင်ပြေစေမယ့် နည်းလမ်းလေးပါ။ ပထမဆုံး Windows7 မှာ Cmd ကိုပိတ်တဲ့ နည်းလေးကို အရင်ဆုံး တင်ပြချင်ပါတယ်။
လုပ်နည်း
1. ပထမဆုံး Start ကနေ Regedit လို့ ရိုက်ပီး Registry ထဲကို ၀င်လိုက်ပါ။


2. Registry ထဲရောက်တာနဲ့ HKEY_CURRENT_USER >> System ကိုသွားလိုက်ပါ။



3. System ကို Right Click ထောက်ပီး NEW ကနေ DWORD (32bit) Value ကို Click လိုက်ပါ။


4. Click ပေးလိုက်လို့ ကျလာတဲ့ Name ရဲ့အောက်က Box ထဲမှာ အသစ်ပေါ်လာတဲ့ Newကို DisableCMD လို့ Rename အတိအကျ ပြောင်းပေးလိုက်ပါ။



5. ပြောင်းပြီးသွားတာနဲ့ ရလာတဲ့ DisableCMD ကို Click နှစ်ချက်လောက် နှိပ်လိုက်ရင် Box လေးတစ်ခုထပ်ကျလာပါလိမ့်မယ်။ ကျလာတဲ့ Box လေးထဲက Value Data ကို 2 ဆိုပြီး သတ်မှတ်ပေးလိုက်ပါ။ ဒါဆိုရင် Cmd ကို Start ကနေ ဖွင့်လို့မရတော့ပါဘူး။ တကယ်လို့ မိမိက ပြန်ဖွင့်ပေးချင်တယ်ဆိုရင် ခုနက ValueData 2 နေရာမှာ 0 ဆိုပြီး ပြောင်းပေးလိုက်တာနဲ့ Cmd ပြန်ပွင့် သွားပါပြီ။ ဒါကတော့ မိမိစက်ကို စိတ်ကြိုက် သတ်မှတ်ပေးနဲ့ နည်းပါ။
နောက်တစ်နည်းကတော့ ဘယ်စက်မှာမဆို Cmd ကိုပိတ်ထားရင် မိမိဖွင့်ချင်ရင် ဖွင့်လို့ရအောင် လုပ်တဲ့နည်းပါ။
လုပ်နည်း

1. အောက်မှာပေးထားတဲ့ စာတွေကို Text File တစ်ခုခုမှာ ရိုက်ထည့်ပြီး File name နေရာမှာ .Bat နဲ့ Save as Type ဆိုတဲ့နေရာမှာ AllFile လို့ပြောင်း ပြီး Save လိုက်ပါ။


2. ရလာတဲ့ bat File လေးကို Run လိုက်တာနဲ့ Cmd လေးပေါ်လာပါ လိမ့်မယ်။
အားလုံးအဆင်ပြေကြပါစေ။

ကွန်ပြူတာ Memory သန့် ရှင်းအောင်လုပ်နည်း




၁. Desktop ပေါ်မှာ Right-click နိုပ်ပြီး New-Shortcut ကိုထပ်နိုပ်ပါ၊
၂. Type the location of the item လိုရေးထားသည့်နေရာမှာအောက်ကစာကြောင်းတွေကိုထည့်လိုက်ပါ၊
%windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks

၃.Next ထပ်နိုပ်ပါ၊

၎.Type a name for this shortcut:နေရာမှာ Clear Memory ဆိုပြီးရေးထည့်လိုက်ပါ၊

၅. Finish. ကိုနိုပ်လိုက်ပါ။ပြီးပါပြီ။။

ကွန်ပျူတာသိသိတာတာမြန်ဆန်လာလိမ့်မည်!အားလုံးလည်းကြိုက်ကြမယ်လို့မျော်လင့်ပါတယ်။

Hidden Files တွေကို ကြည့်နည်းအမျိုးမျိုး


ကျွန်တော်တို့ hidden files တွေနဲ့ပက်သတ်ပြီး ကြည့်နည်းကို တက်နိုင်သမျှ စုစည်းပေးလိုက်တဲ့ သဘောပါ။ အလွယ်ကြည့်နည်းကို တင်ပြပေးသလို စမ်းစမ်းလေးတွေနဲ့မှ ကျွမ်းကျင်မှု့ပြချင်တဲ့ သူငယ်ချင်းများအတွက် cmd, Registry တို့ကနေ ကြည့်တဲ့နည်းလေးတွေကိုပါ ကျွန်တော် စုစည်းပေးလိုက်ပါတယ်။ အောက်မှာ လေ့လာကြည့်လိုက်ပါ။

ပထမနည်းလေးကတော့Cmd ကနေကြည့်တဲ့နည်းလေးပါ ကြည့်နည်းလေးကဒီလိုပါ
Run >> Cmd >> cd desktop >> dir/ah လို့ရိုက်ပီး ရှာလို့ရပါတယ် မရှင်းရင်ပုံလေးကိုကြည့်ပါ။ ( ကျွန်တော်က Desktop ပေါ်မှာ hide ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် cd desktop လို့ သုံးထားတာ ဖြစ်ပါတယ်။ )



ဒုတိယနည်း ကတော့ Registry ကနေ သွားကြည့်တဲ့ နည်းလေးပါ သူ့ကိုတော့ ဒီလိုသွားလို့ရပါတယ်
1. Run ဘောက်တွင် Regedit လို့ရိုက်ပါ
2. ကျလာသည့် ဘောက်တွင် လမ်းကြောင်းအတိုင်းရောက်အောင်သွားပါ
3. HKEY_LOCAL_MACHINE >> SOFTWARE >> Microsoft >> Windows >> CurrentVersion >> Explorer >> Advanced >> Folder >> Hidden >> SHOWALL စတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ။ အောက်ပါအတိုင်း အခုလို တန်ဖိုး နှစ်ခု တွေ့ရပါလိမ့်မယ် ။

CheckedValue REG_DWORD 0x00000001(2)
DefaultValue REG_DWORD 0x00000002(2)

4. CheckedValue ရဲ့တန်ဖိုးကို 2 ကနေ 1 သို့ပြောင်းပေးလိုက်ပါ ။ ဆိုလိုတာက 2 က Do not show Hidden files and folder ကို ဆိုလိုတာဖြစ်ပြီး 1 ကတော့ show Hidden files and folder ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် CheckedValue REG_DWORD 0x00000001(1) လို့ ပြောင်းပေးရတာဖြစ်ပါတယ်။
အရိုးရှင်းဆုံးဘဲ ကြည့်မယ်ဆိုရင်လဲ အောက်ပါအတိုင်းသာ ကြည့်ကျပေးတော့ ။

ကျတော်တို့ ရိုးရိုးပဲ Control panel ကနေ ကြည့်တဲ့ နည်းလေးပါ။
လုပ်နည်းလေးကဒီလိုလေးပါ Control panel >> Folder option >> View Tab ကိုသွားလိုက်ပါ
အယ်ကနေ အောက်မှာရှိတဲ့ Hidden File and Folders ကနေ Show hidden Files ဆိုတာလေးကို ရွေးပေးလိုက်ပါ
Apply >> ok ဒါဆို အဆင်ပြေပါပြီ.အဆင်မပြေရင်ပုံလေးကြည့်လိုက်ပါဦး

Software မသုံးပဲ Internet Speed လေးမြှင့်ပြီး သုံးကြည့်ရအောင်


အခု ကျွန်တော် ရေးပေးမဲ့ နည်းလမ်းလေးကတော့ အင်တာနက် အသုံးပြုတဲ့ အခါမှာ မိမိတို့ကွန်ပျူတာက အသုံးပြုသူ ( Client Computer ) အဖြစ် အသုံးပြုတဲ့ သူများအတွက် အင်တာနက် Speed ကိုတိုးပြီး အသုံးပြုလို့ ရမယ့် နည်းလမ်းလေးပါ ..
အရင်ဆုံး Keyboard မှ  Ctrl + R ကိုနှိပ်ပြီး  Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ gpedit.msc လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Local Group Policy Ediitor Box ပေါ်လာပါလိမ့်မယ် .
 အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း  Administrative Templates  >> Network >>  QoS Packet Scheduler  ဆိုပြီး အဆင့်ဆင့် သွားပြီး QoS Packet Scheduler  ကိုရောက်ပြီ ဆိုရင် ညာဘက်က Limit reservable bandwidth ကိုရှာပါ .. တွေ့ပြီဆိုရင် အဲ့ဒီကောင်လေးကို Double Ckick ပေးလိုက်ပါ ..

အောက်ကပုံအတိုင်း Limit reservable bandwidth Box လေးပေါ်လာပါလိမ့်မယ် .. အဲ့ဒီကျရင် ပုံမှာ ပြထားတဲ့ အတိုင်း Not Configured ကို Enable ပေးလိုက်ပါ .. ပြီးရင် Bandwidth limit ( %) ကို 20 မှ 80 ပြောင်းပေးလိုက်ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ယုံပါပဲ ..

ဒါကတော့  Client Computer တွေမှာ Internet Speed ကို လက်ရှိ Bandwidth Limit ထက်ပိုပြီး မြှင့်ပြီး သုံးနိုင်မဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. သုံးကြည့်ချင်တဲ့ သူတွေကတော့ စမ်းကြည့်လိုက်ပေါ့ဗျာ ..

Driver Icon တွေကို Software မသုံးဘဲ ချိန်းရအောင်။


ကျွန်တော်တို့ မိမိစက်ထဲမှာ ရှိတဲ့ Drive တွေကို မိမိတို့ကြိုက်တဲ့ Icon လေးတွေ ပြောင်းချင်သူများ အတွက် Software မသုံးဘဲ ပြောင်းလို့ရတဲ့ နည်းလေးကို ဝေမျှလိုက်ပါတယ်။  Windows XP, Vista , Windows 7 အားလုံး အလုပ်လုပ်သည်။)


လုပ်နည်း

1. Start >> Run >> Notepad လို့ရိုက်ပြီ Enter ခေါက်ပါ။
2. Notepad ထဲမှာ အောက်က စာကြောင်းလေး နှစ်ကြောင်းကို ရေးရပါမည်။ ကျွန်တော် အနီရောင်နဲ့ ပြထားတဲ့ နေရာမှာ မိမိကြိုက်နှစ်သက်ရာ icon ပုံရဲ့ Name ကိုပြောင်းလဲပေးရပါမည်။ ပြီးရင် Autorun.inf လို့ Save လိုက်ပါ။

[autorun]
ICON=D.ICO



3. ပြီရင် မိမိ Files Names ထည့်ခဲ့တဲ့ ပုံကို မိမိပြောင်းစေချင်တဲ့ Drives ထဲမှာ ထည့်ထားလိုက်ပါ။ တနည်းအားဖြင့် Notepad နဲ့ ဖန်းတီခဲ့တဲ့ ဖိုင်လေးရယ် မိမိပြောင်းချင်တဲ့ ပုံလေးရယ်ကို မိမိပြောင်းချင်တဲ့ Drives ထဲမှာ Saves လိုက်ပါ။

4. အားလုံးပြီးတာနဲ့ Restart ချလိုက်ပါ။ အောက်ပါအတိုင်း ပြောင်းသွားတာကို တွေ့ရပါမည်။


Window 8 Skin Part

Window 7 32 bits အသုံးပြုနေတဲ့သူများအတွက်  ဖြစ်ပါတယ်။ Window 7 သုံးနေသူ များ  မိမိကွန်ပျူတာကို ဝင်းဒိုး 8 ပုံစံပြောင်းပေးမယ့် Software ဖြစ်ပါတယ်။
File Size ကလည်း 13.3MB ပဲရှိတဲ့အတွက်ဒေါင်းလုပ်ရတာလည်းအဆင်ပြေမှာဖြစ်ပါတယ်။
ဒေါင်းလုပ်လုပ်မယ်ဆိုရင် အောက်ကလင့်မှာဒေါင်းလုပ် လုပ် နိုင်ပါတယ်။
ဒေါင်းလုပ်ရယူရန်- ကလစ်ပေးလိုက်ပါ

Windows 7 Skin Pack

မိမိရဲ့ Windows ကို ဒီဇိုင်းဆန်းဆန်းလေးတွေနဲ့ အသုံးပြုချင်သူများအတွက် Skin Pack
 လေးတွေတင်ပေးလိုက်ပါတယ်။ အမြင်သစ်လေးတွေသုံးရမှာမို့ အားလုံးပဲ....အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

2012 Skin Pack
 

Download X86 Download X64


Flash Labels by NBT

 
Support : ကျွန်ုပ်၏ ကျောင်း | My School | မြတ်မင်္ဂလာ
Copyright © 2013. ကျွန်ုပ်၏ ကျောင်း - All Rights Reserved
Template Created by My School Published by Justin Philippe
Proudly powered by Blogger