စာလုံး/အကြီး+ နှင့် -အသေး
Home » » သမ္မတကြီးလှူတာပဲ ယူပေါ့ဗျာ ဘာဖြစ်လဲ

သမ္မတကြီးလှူတာပဲ ယူပေါ့ဗျာ ဘာဖြစ်လဲ


သတင်းမီဒီယာ ကိစ္စနှင့် ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ)က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ သွားတွေ့ဆုံပါတယ်။ အဲ့ဒီ့ သတင်းကို ဂျာနယ်တွေ၊ နေ့စဉ်သတင်းစာတွေမှာ ဖတ်ရပါတယ်။ စာနယ်ဇင်းကောင်စီ (ယာယီ)က အဓိကတာဝန်ရှိသူ (၃)ဦးနဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ ဘာတွေဆွေးနွေးတာလဲ မသိရပေမယ့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စာနယ်ဇင်းကောင်စီ (ယာယီ)ကို အလှူငွေ ကျပ်သိန်း (၅၀၀)လှူဒါန်းခဲ့တယ် ဆိုတဲ့အကြောင်း Daily Eleven ဂျာနယ်သတင်းစာ (၄.၉.၂၀၁၃)မှာ ဖတ်ခဲ့ရပါတယ်။ နိုင်ငံတော်သမ္မတကြီး လှူဒါန်းတဲ့ငွေက သူအနှစ်နှစ်အလလ စုဆောင်းထားတဲ့ငွေနဲ့ နိုင်ငံတော်သမ္မတကြီးက ဝတ္ထုတိုလည်း ရေးဖူးတာမို့ စာရေးသူချင်း စာနာတဲ့စိတ်နဲ့ ရက်ရက်ရောရော လှူဒါန်းတာလား (သို့မဟုတ်) နိုင်ငံတော် ဘဏ္ဍာရေးထဲက လှူတာလားဆိုတာတော့ သေချာမသိရပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ)က အလှူငွေကို လက်ခံသင့်၊ လက်မခံသင့်နဲ့ ထင်မြင်ချက် အမျိုးမျိုးပေးကြပါတယ်။ အချို့ကကောင်းတယ်။ အချို့ကဆိုးတယ်ပေါ့။ ဒီနေရာမှာ တစ်နေ့က လူငယ်သတင်းသမားတွေနဲ့ တွေ့ပါတယ်။ သူတို့က ပြောပြကြပါတယ်။ စာနယ်ဇင်းတွေဘာ Ethics ရှိသလားတဲ့။ သူတို့ကြတော့ စာနယ်ဇင်း Ethics ရှိရမယ်နဲ့ဘာနဲ့ အယ်ဒီတာချုပ်တွေက လမ်းညွှန် သြဝါဒရေးသားဖော်ပြပေမယ့် အဲဒီ့အယ်ဒီတာချုပ်တွေကို ခြင်းကြီးခြင်းငယ် ပိုက်ဆံပါကင်ပိတ်စာအိတ်နဲ့ ဝင်တာပေးတာတွေကြတော့ အယ်ဒီတာချုပ်များက ယူပြီး မသိမသာဘက်လိုက်ရေးနေတာတွေကြတော့ အပြောနဲ့အလုပ်နဲ့ လွဲနေတယ်တဲ့။
"စာနယ်ဇင်းမှန်ရင် ဘက်လိုက်တယ် ပေးရင်ယူတာပဲတဲ့။ စကားကြီးစကားကျယ်ပြောလေပိုယူလေပါပဲ" လို့ ကိုယ်လိပ်ပြာကိုယ်လုံပြီး လူရှေ့မှာ ကိုယ်လိပ်ပြာကိုယ်သန့်တဲ့ စာနယ်ဇင်းသမားစစ်စစ်အဖြစ် ကြွေးကြော်သူတွေ လက်ချိုးရေတွက်လို့တောင် ရတယ်လို့ ပြောပါတယ်။ ဒီတော့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စာနယ်ဇင်းကောင်စီ (ယာယီ) ကို အလှူငွေ သိန်း(၅၀၀)ကျပ်ပေးတာ ဘာဖြစ်လဲဗျာ................ ပြသာနာမှမဟုတ်တာ။ ဒါမျိုးက လွတ်လပ်တဲ့ ခေတ်ဗျာ ရှေ့လျှောက် ဒီလို မီဒီယာလွတ်လပ်ခွင့် ပိုပေးလာလေ ဒီထက်မကတဲ့ လာဘ်ယူမှုမျိုးတွေက ရှိမှာပဲ။ မြန်မာနိုင်ငံမှ မဟုတ်ဖူး။ ဘယ်ကမ္ဘာ့နိုင်ငံက စာနယ်ဇင်းတွေကကော စာနယ်ဇင်းကျင့်ဝတ် Ethics ရှိဖူးလို့လဲ။.............ဟုတ်ဖူးလားဗျာ။   ။

ခေတ္တအရုဏ်သစ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ                      ပဉ္စမံဒီရိုင်း
အရုဏ်သစ်လူငယ်ဖွံ့ဖြိုးရေးကျောင်း ပရဟိတဂေဟာ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

0 ထင်မြင်ချက်:

Post a Comment

လာရောက်အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။
အဆင်မပြေတာရှိရင် comment ပေးတာပဲဖြစ်ဖြစ်၊ cbox ထဲမှာ message ထားခဲ့တာပဲဖြစ်ဖြစ် ဆွေးနွေးနိုင်ပါသည်။

Flash Labels by NBT

 
Support : ကျွန်ုပ်၏ ကျောင်း | My School | မြတ်မင်္ဂလာ
Copyright © 2013. ကျွန်ုပ်၏ ကျောင်း - All Rights Reserved
Template Created by My School Published by Justin Philippe
Proudly powered by Blogger