အခြေခံဗုဒ္ဓဘာသာသင်တန်းကျောင်း
၂၀၁၃ - ခုနှစ်၊ နိုဝင်ဘာလတွင် မြတ်မင်္ဂလာအခြေခံဗုဒ္ဓဘာသာသင်တန်းကျောင်းတွင် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတစ်ရပ်ကျင်းပမည်ဖြစ်ပါသည်။ ထိုပြိုင်ပွဲတွင် အပြောစွမ်းရည် (Talk Show)၊ အရေးစွမ်း ရည် (Essay) တို့အပြင် တွေးခေါ်ပြောဆိုမှုစွမ်းရည်ပြိုင်ပွဲ (Debate) စသည်တို့ကို ပြိုင်ပွဲတစ်ရပ်အနေဖြင့် ကျင်းပမည်ဖြစ်ပါသည်။
- ပြိုင်ပွဲအစီအစဉ်များကို အောက်ပါနေ့စွဲ၊ အချိန်အတိုင်းကျင်းပပြုလုပ်ပါမည်။
၁။ အင်္ဂလိပ်စာအရေးစွမ်းရည်ပြိုင်ပွဲ
နေ့စွဲ - နိုဝင်ဘာလ (၂၄)ရက်၊ ၂၀၁၃၊ တနင်္ဂနွေနေ့
အချိန် - နံနက် (၉း၀၀)နာရီ မှ (၁၀း၀၀)နာရီထိ
၂။ တွေးခေါ်ပြောဆိုမှုစွမ်းရည်ပြိုင်ပွဲ (Debate)
နေ့စွဲ - နိုဝင်ဘာ (၂၈)ရက်၊ ၂၀၁၃၊ ကြာသပတေး
အချိန် - နံနက် (၉း၀၀)နာရီ မှ ညနေ (၅း၃၀)ထိ
၃။ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ နှင့် ဆုပေးပွဲအခမ်းအနား
နေ့စွဲ - နိုဝင်ဘာ (၂၉)ရက်၊ ၂၀၁၃၊ သောကြာနေ့
အချိန် - နေ့လည် (၁း၀၀)နာရီ
- ပါဝင်ယှဉ်ပြိုင်လိုသောသူများအနေဖြင့် ပြိုင်ပွဲကျင်းပသည့်နေ့များတွင် မိနစ် (၃၀) ကြိုတင်၍ ရောက်လာပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက -
(က) အရေးစွမ်းရည်ပြိုင်ပွဲ
ယှဉ်ပြိုင်ရေးသားမည့်ခေါင်းစဉ်ကို ကြိုတင်အသိပေးမည်မဟုတ်ပါ။ သို့သော်ပြိုင်ပွဲဝင်များသည် "Reading, Education" စသည့်တို့နှင့် သက်ဆိုင်သော ခေါင်းစဉ်များကို ကြိုတင်လေ့လာထားရပါမည်။
စာလုံးရေ (၂၀၀ - ၂၅၀) အတွင်း ရေးသားကြရမည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်အရေအတွက် - ကျောင်းတစ်ကျောင်းမှ (၂) ဦးစီ
(ခ) တွေးခေါ်ပြောဆိုမှုစွမ်းရည်ပြိုင်ပွဲ (Debate)
ယှဉ်ပြိုင်မည့်ခေါင်းစဉ်များနှင့် သုတေသနစာတမ်းများအား ကြိုတင်အသိပေးထားမည်။ ပြိုင်ပွဲဝင်များသည် Education, Vehicle for a brighter future နှင့် ပတ်သက်သော အကြောင်းအရာများအား ကြိုတင်လေ့လာထားရပါမည်။
ပြိုင်ပွဲဝင်အရေအတွက် - ကျောင်းတစ်ကျောင်းမှ (၃)ယောက်တစ်ဖွဲ့ (သို့) နှစ်ဖွဲ့
(ဂ) စကားပြောပြိုင်ပွဲ (အပြောစွမ်းရည်) (မေးခွန်းဖြေကြားရန်အပါအဝင်)
ယှဉ်ပြိုင်ရမည့် ခေါင်းစဉ်ကို ကြိုတင်အသိပေးမည်မဟုတ်ပါ။ သို့သော်ပြိုင်ပွဲဝင်များသည် "Language, Education" စသည့်တို့နှင့် သက်ဆိုင်သောခေါင်းစဉ်များကို ကြိုတင်လေ့လာထားရပါမည်း
Presentation (၃) မိနစ် ယှဉ်ပြိုင်ပြီးနောက် ဒိုင်လူကြီးများ၏ မေးခွန်းများကိုလည်း (၃)မိနစ်အတွင်း ယှဉ်ပြိုင်သူများအနေဖြင့် ပြန်လည်ဖြေကြားရမည် ဖြစ်ပါသည်။
ပြိုင်ပွဲဝင်အရေအတွက် - ကျောင်းတစ်ကျောင်းမှ (၁) ဦးစီ
ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မြတ်မင်္ဂလာအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကျောင်း နှင့် သီရိဇေယျုံဗုဒ္ဓဘာသာသင်တန်းကျောင်း သို့ (၁.၁၁.၂၀၁၃) မှ (၂၀.၁၁.၂၀၁၃) အတွင်း လူပုဂ္ဂိုလ်ကိုယ်တိုင် မပျက်မကွက်အကြောင်းကြားရပါမည်။
မှတ်ချက် ။ ။ တွေးခေါ်ပြောဆိုမှုစွမ်းရည်ပြိုင်ပွဲ (Debate) တွင် ပါဝင်ယှဉ်ပြိုင်လိုသူများသည် (၃.၁၁.၂၀၁၃) နောက်ဆုံးထားပြီး မပျက်မကွက်အကြောင်းကြားရပါမည်။
ဆက်သွယ်ရန် ။ ။ တနင်္ဂနွေနေ့မှအပ တနင်္လလာမှ စနေနေ့အထိ နံနက် (၉း၀၀)နာရီမှ ညနေ (၄း၀၀)နာရီအတွင်း
0 ထင်မြင်ချက်:
Post a Comment
လာရောက်အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။
အဆင်မပြေတာရှိရင် comment ပေးတာပဲဖြစ်ဖြစ်၊ cbox ထဲမှာ message ထားခဲ့တာပဲဖြစ်ဖြစ် ဆွေးနွေးနိုင်ပါသည်။