Bit Defender ဟာဈေးသက်သာသလို သုံးရတာလွယ်ကူထိရောက်မှုရှိပြီး malware ရဲ့ခြိမ်းခြောက်မှုတွေကို ချက်ချင်း သိရှိနိုင်ပါတယ်။ ဒါကြောင့်လည်း Bit Defender ဟာ antivirus ထုတ်ကုန်တွေထဲမှာ ထိပ်ဆုံးက ရပ်တည်စေတာပဲ ဖြစ်ပါတယ်။ အဲဒါဟာ worm တွေရဲ့ ၄၃ ရာခိုင်နှုန်းနဲ့ blackdoor ပရိုဂရမ်တွေရဲ့ ၅၇ ရာခိုင်နှုန်းကို ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်ပြီး ဗိုင်းရပ်စ် definition ဟာလည်း တစ်လကြာခံနိုင်ရည်ရှိပါတယ်။ ဒါ့အပြင် Bit Defender ဟာ backdoor ၊ hoax နဲ့ Trojan horses စတဲ့ ဗိုင်းရပ်စ်အမျိုးအစား ၉၃ ရာခိုင်နှုန်းကို သိရှိပြီး Bit Defender ရဲ့ scan speed ကိုးမိနစ်နဲ့ ၁၆ စက္ကန့်ပဲ ကြာမြင့်ပြီး လျင်လျင်မြန်မြန် ဗိုင်းရပ်စ် စစ်ဆေးပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် Bit Defender မှာ အားနည်းချက် အနည်းငယ်ရှိတာကိုလည်း တွေ့ရပါတယ်။ General information ကိုပေးတဲ့အချက်ဟာ last system scan ရဲ့ information နဲ့ဆော့ဖ်ဝဲ update ကို ပဲ ပေးနိုင်ပါတယ်။ တကယ့် information စစ်စစ်တွေဖြစ်တဲ့ update ကိုပေးစွမ်းနိုင်တဲ့ tab ဟာ screen ရဲ့ ဘယ်ဘက်ခြမ်းမှာ ဖြစ်နေပါတယ်။ ဒါဟာ လိုအပ်နေတဲ့အချက်ကို screen မှာအလွယ်တကူ မရှာဖွေနိုင်ဘဲ scan လုပ်ရတဲ့အခါမှာ အနည်းငယ်ရှာဖွေရခက်ခဲနေတာပဲ ဖြစ်ပါတယ်။
သုံးသပ်ချက်
အားသာချက် - စက်နှေးကွေးမှုမရှိတာ၊ ဗိုင်းရပ်စ်တော်တော်များများကို ရှာဖွေတာ၊ data ပျောက်ဆုံးပျက်စီးမှုနည်းတာ။
အားနည်းချက် - မရှိသလောက်ပါပဲ။
Bit Defender Test Scores
Overall : 92
ဒေါင်းချင်တယ်ဆိုရင်တော့.....
0 ထင်မြင်ချက်:
Post a Comment
လာရောက်အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။
အဆင်မပြေတာရှိရင် comment ပေးတာပဲဖြစ်ဖြစ်၊ cbox ထဲမှာ message ထားခဲ့တာပဲဖြစ်ဖြစ် ဆွေးနွေးနိုင်ပါသည်။