ပိုမိုတိကျသော result များရရှိအောင် ရှာဖွေနိုင်သည့် အခြေခံနည်းစနစ်များကို ဖေါ် ပြလိုပါသည်။ ထိုနည်းစနစ်များသည် search engine အများစုတို့တွင် အသုံးပြုနိုင်မည့် အခြေခံအကျဆုံးသော နည်းစနစ်များပင်ဖြစ်ပါသည်။ ၎င်းတို့မှာ
1. Search Engine Math
2. Boolean Searching
3. Field Searching တို့ပဲဖြစ်ပါသည်။
1. Search Engine Math
ပိုမို၍တိကျကောင်းမွန်သော result များရရှိအောင် keyword များနှင့် အပေါင်း (+)၊ အနှုတ် (-) လက္ခဏာများတွဲဖက်အသုံးပြုပုံကို ဖော်ပြပေးသွားပါမယ်။ ယခုအောက်မှာဖော်ပြသွားမယ့်အချက်တွေက search engine အများစုမှာ သုံးနိုင်သည့် အခြေခံအကျဆုံးသော အရာများပဲဖြစ်ပါသည်။
"+" ကို ကိုယ်အဓိကလိုချင်တဲ့ အရေးကြီးဆုံးဖြစ်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါသည်။ သဘောကတော့ search engine ကို Webpage တိုင်းမှာ အဲဒီ keyword ပါရမယ်ဆိုပြီး ရှာခိုင်းလိုက်တာဖြစ်ပါတယ်။
ဥပမာ +challenger+columbia.
(+ နှင့် keyword ကြားမှာ Space မခြားရ) result အနေနဲ့ကတော့ search engine ကရှာပေးလိုက်တဲ့ webpage တိုင်းမှာ challenger နှင့် columbia ဆိုတဲ့စကားလုံး 2 လုံးစလုံးပါပါလိမ့်မည်။
"-" ကို ကိုယ်မလိုချင်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါမည်။ သဘောကတော့ search engine ကို အဲဒီ keyword ပါတဲ့ webpage များကို ဖယ်ထားခဲ့ဖို့ခိုင်းလိုက်တာဖြစ်ပါတယ်။
ဥပမာ +challenger -columbia
result အနေနဲ့ကတော့ search engine ရှာပေးခိုင်းလိုက်တဲ့ webpage တိုင်းမှာ columbia ဆိုတဲ့ စကားလုံး လုံးဝပါလိမ့်မည်မဟုတ်ပါ။
စကားလုံးတစ်လုံး မဟုတ်ပဲ စကားစုတစ်စုကို ရှာလိုတဲ့အခါမှာ double quotation " " ကို သုံးရပါတယ်။ သဘောကတော့ search engine ကို doubel quotation " " အမှတ်အသားထဲမှာရှိတဲ့ စကားစုအတိုင်းကို အတိအကျပါတဲ့ webpage များကိုရှာခိုင်းခြင်း ဖြစ်ပါတယ်။
ဥပမာ "who moved my cheese"
result အနေနဲ့ကတော့ who move my cheese ဆိုတဲ့စကားစုပါတဲ့ webpage များကိုသာ ဖော်ပြပါလိမ့်မည်။
သချာင်္ပညာရပ်မှာဆိုလျှင် သင်္ကေတ ~ သည် အနီးစပ်ဆုံး approximately ဆိုတဲ့ သဘောဆေင်တယ်ဆိုတာ အများသိပြီးဖြစ်ပါတယ်။ အဲဒီလို အများသိပြီးဖြစ်တဲ့ မှတ်သားရလဲလွယ်တဲ့ ဒီသင်္ကေတကို Google တွင် အနီးစပ်ဆုံးအဓိပ္ပါတယ်ဆင်တူသည့် စကားလုံးများကို ရှာဖွေနိုင်သည့် operator တစ်ခုအဖြစ်အသုံးပြုနိုင်ပါသည်။ စကားလုံးတစ်လုံး၏ အရှေ့မှာ Synonyms operator (~) ကို ထည့်သွင်းရှာဖွေတဲ့အခါမှာ ထိုစကားလုံး နှင့် အဓိပ္ပါယ်ဆင်တူသော အခြားစကားလုံးများကိုပါ ရှာဖွေဖေါ်ပြမှာဖြစ်ပါသည်။ ဆိုရရင် health ~data ဟုထည့်သွင်းရှာဖွေပါက data နှင့်အဓိပ္ပါယ်ချင်းဆင်တူသော information, statistics စကားလုံးများပါဝင်သော ကျန်းမာရေးနှင့်ဆိုင်သည့် webpage များကို ရရှိပါလိမ့်မည်။ အလားတူပင် ~run ဟုရှာဖွေလျှင်လည်း run စကားလုံးနှင့် ဆင်တူသော runners, running, marathon စကားလုံးများပါသော webpage များကို ရရှိမှာဖြစ်ပါသည်။
စကားစု (phrase) နှင့် စကားလုံးများကို +, - " " သင်္ကေတများနှင့် တွဲသုံးပုံကို လေ့လာကြရအောင်
ဥပမာ +"white house" +clinton -lewinsky
သဘောကတော့ search engine ကို white house ဆိုတဲ့စကားစုပါရမယ်။ clinton ဆိုတဲ့ စကားလုံး ပါရမယ်။ lewinsky ဆိုတဲ့စကားလုံးမပါတဲ့ webpage များကို ရှာခိုင်းလိုက်တာ ဖြစ်ပါတယ်။
အချို့သော search engine များဟာ case sensitive ဖြစ်ပါတယ်။ စကားလုံးတစ်လုံးကို စာလုံးအသေး (lower case)နဲ့ရှာခိုင်းရင် အသေးရော အကြီးပါ 2 မျိုးစလုံးပါတဲ့ webpage များကို ရှာပေးပါလိမ့်မယ်။
ဥပမာ minister
result အနေနဲ့ကတော့ minister နှင့် Minister 2 မျိုးစလုံးပါသော webpage များကို ဖော်ပြပါလိမ့်မယ်။
စလုံးအကြီး (upper case) နဲ့ရှာခိုင်းရင်တော့ လုံးဝထပ်တူညီတဲ့ စကားလုံးပါသော webpage များကိုသာ ရှာပေးပါလိမ့်မယ်။
ဥပမာ Minister
result အနေနဲ့ကတော့ Minister ဆိုတဲ့စကားလုံးပါသော webpage များကိုသာ ဖော်ပြပါလိမ့်မည်။
(မှတ်ချက်။ ။ Google ဖြင့် ရှာဖွေပါက case sensitive မဖြစ်ပါဘူး။ minister ဖြစ်စေ၊ Minister ဖြစ်စေ တူညီသော result ကို ရရှိစေမှာဖြစ်ပါတယ်။)
Wildcords (*) ကို စကားလုံးတစ်လုံးတည်းကိုပဲ spelling အမျိုးမျိုးနဲ့ တစ်ကြိမ်ထဲမှာပဲ စုပေါင်းရှာခိုင်းချင်ရင်သုံးပါတယ်။
ဥပမာ librar
result အနေနဲ့ကတော့ library, libraries, librarian အစရှိတဲ့ စကားလုံးပါဝင်သော webpage များကို ဖော်ပြပါလိမ့်မည်။
0 ထင်မြင်ချက်:
Post a Comment
လာရောက်အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။
အဆင်မပြေတာရှိရင် comment ပေးတာပဲဖြစ်ဖြစ်၊ cbox ထဲမှာ message ထားခဲ့တာပဲဖြစ်ဖြစ် ဆွေးနွေးနိုင်ပါသည်။