စာလုံး/အကြီး+ နှင့် -အသေး
Home » » Browser တစ်ခုတည်းမှာ Gmail, facebook , twitter ... ရှိသမျှဟာတွေရဲ့ ရှိသမျှအကောင့်တွေကို တစ်ပြိုင်တည်းသုံးမယ်

Browser တစ်ခုတည်းမှာ Gmail, facebook , twitter ... ရှိသမျှဟာတွေရဲ့ ရှိသမျှအကောင့်တွေကို တစ်ပြိုင်တည်းသုံးမယ်

တစ်ချို့တွေကတော့ သိပြီးဖြစ်မှာပါ ... မသိသေးသူတွေအတွက် ပြန် share ပေးလိုက်ပါတယ်

တစ်ခါတစ်လေ ကျွန်တော်တို့တွေ Gmail အကောင့်သုံးခုလောက်တစ်ပြိုင်တည်းဖွင့်ချင်စိတ်ဖြစ်လာတတ်ပါတယ် ... အဲသုံးလို့ကလည်းမရ window အသစ်ဖွင့်ဦးဟဲ့ Browser နောက်တစ်ခု ပြောင်းသုံးဦးဟဲ့နဲ့ အလုပ်ရှုပ်ပါတယ် ။

ဒါတွေကို ဖြေရှင်းဖို့ Multifox လာပါပြီ ။ Multifox က နှစ်မျိုးရှိပါတယ် ရိုးရိုး နဲ့ Beta version ပါ ။ ဘာကွာလည်းဆိုတော့ ရိုးရိုးက ၀င်းဒိုးနောက်တစ်ခု နဲ့ တက်လာပြီးတော့ Beta ကတော့ ၀င်းဒိုးတစ်ခုတည်းမှာ Browser တစ်ခုတည်းမှာ သုံးလို့ရပါတယ်။

ကျွန်တော်ကတော့ Beta ကိုသုံးပါတယ်။

ဒီ Extension လေးသွင်းထားရင် တော့ အားလုံးအဆင်ပြေသွားမှာပါ ။ ကျွန်တော်ဆို Gmail အကောင့် နှစ်ခု နဲ့ Facebook အကောင့် သုံးခုကို အခု ဒီစာရိုက်ရင်းနဲ့ကို သုံးနေပါတယ်။

 :D အချိန်အားတယ်ကို မရှိပါဘူးဗျာ :D

လိုချင်ကြမယ်ထင်တယ်နော် ... သုံးရတာလည်းလွယ်ပါတယ် ဒီကောင်လေးကို Install လုပ်လိုက်တာနဲ့ URL ဘားမှာ အောက်ပုံမှာ ပြထားသလိုလေးပေါ်နေမှာပါ ... အကောင့်နောက်တစ်ခုသုံးမယ်ဆိုတိုင်း .. နောက်ထပ်အကောင့်တစ်ခုကို ထပ်ဖွင့်မယ်ဆိုတိုင်း Add New Account ဆိုတာလေးကို ကလစ်နှိပ်ပြီး သုံးသွားရုံပါပဲ .. အဲသည်လောက်ကို လွယ်ပါတယ်။ အားလုံးပဲ အကောင့်တွေ အများကြီး ကို တစ်ပြိုင်တည်းဖွင့်ပြီး လက်မလည်နိုင်ကြပါစေ ..။

တစ်ခု သိရမှာက ဒီကောင်က Private Window မှာအလုပ်မလုပ်ပါဘူး ။ ဒီကောင်လေးကို သုံးမယ်ဆိုရင်တော့ Normal Window ပဲဖွင့်ပြီး သုံးရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ဒေါင်းပါ


Multifox Button

အဆင်ပြေရင် နောက်တစ်ခါ Gmail အကောင့်တစ်ခုတည်းနဲ့ facebook အကောင့်တွေ အသားကုန်ဖွင့်နည်းပြောပြပေးပါ့မယ် ...  ဒါကတော့ ကြော်ငြာဝင်တာပါ။

0 ထင်မြင်ချက်:

Post a Comment

လာရောက်အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။
အဆင်မပြေတာရှိရင် comment ပေးတာပဲဖြစ်ဖြစ်၊ cbox ထဲမှာ message ထားခဲ့တာပဲဖြစ်ဖြစ် ဆွေးနွေးနိုင်ပါသည်။

Flash Labels by NBT

 
Support : ကျွန်ုပ်၏ ကျောင်း | My School | မြတ်မင်္ဂလာ
Copyright © 2013. ကျွန်ုပ်၏ ကျောင်း - All Rights Reserved
Template Created by My School Published by Justin Philippe
Proudly powered by Blogger