ကျွန်တော်တို့ မိမိစက်ထဲမှာ ရှိတဲ့ Drive တွေကို မိမိတို့ကြိုက်တဲ့ Icon လေးတွေ ပြောင်းချင်သူများ အတွက် Software မသုံးဘဲ ပြောင်းလို့ရတဲ့ နည်းလေးကို ဝေမျှလိုက်ပါတယ်။ Windows XP, Vista , Windows 7 အားလုံး အလုပ်လုပ်သည်။)
လုပ်နည်း
1. Start >> Run >> Notepad လို့ရိုက်ပြီ Enter ခေါက်ပါ။
2. Notepad ထဲမှာ အောက်က စာကြောင်းလေး နှစ်ကြောင်းကို ရေးရပါမည်။ ကျွန်တော် အနီရောင်နဲ့ ပြထားတဲ့ နေရာမှာ မိမိကြိုက်နှစ်သက်ရာ icon ပုံရဲ့ Name ကိုပြောင်းလဲပေးရပါမည်။ ပြီးရင် Autorun.inf လို့ Save လိုက်ပါ။
[autorun]
ICON=D.ICO
3. ပြီရင် မိမိ Files Names
ထည့်ခဲ့တဲ့ ပုံကို မိမိပြောင်းစေချင်တဲ့ Drives ထဲမှာ ထည့်ထားလိုက်ပါ။
တနည်းအားဖြင့် Notepad နဲ့ ဖန်းတီခဲ့တဲ့ ဖိုင်လေးရယ် မိမိပြောင်းချင်တဲ့
ပုံလေးရယ်ကို မိမိပြောင်းချင်တဲ့ Drives ထဲမှာ Saves လိုက်ပါ။
4. အားလုံးပြီးတာနဲ့ Restart
ချလိုက်ပါ။ အောက်ပါအတိုင်း ပြောင်းသွားတာကို တွေ့ရပါမည်။
0 ထင်မြင်ချက်:
Post a Comment
လာရောက်အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။
အဆင်မပြေတာရှိရင် comment ပေးတာပဲဖြစ်ဖြစ်၊ cbox ထဲမှာ message ထားခဲ့တာပဲဖြစ်ဖြစ် ဆွေးနွေးနိုင်ပါသည်။