Movie ကနေ Picture ပြောင်းလဲပုံ အဆင့်ဆင့်ကို တင်ပြပေးမှာဖြစ်ပါတယ်။ အခုသုံးမယ့် software လေးကတော့ photo ကနေ video ပြောင်းနိုင် သလို၊ Video ကနေ photo တွေကို အလွယ်တကူ ပြောင်းလဲပေးနိုင်တဲ့ Software ပဲ ဖြစ်ပါတယ်။ ဒီ Software က အပြင်အဆင် ရိုးရိုးရှင်းရှင်းနဲ့ အသုံးပြုရတာ လွယ်ကူ သလို ကွန်ပျူတာကို အခြေခံလောက်တတ်ထားသူတွေ အတွက်လည်း အဆင်ပြေစေပါတယ်။
တစ်ခါတလေမှာ video တွေကို ကိုယ်တိုင် ရိုက်ပြီး အဲ့ဒီ video တွေကို photo အဖြစ် ပြောင်းချင်စိတ်တွေ မပေါ်လာမိဘူးလား၊ အဲ့လိုအချိန်တွေမှာဆိုရင် ဒီ Software လေးကတော့ အလွန်တရာမှ အဖိုးထိုက် အသုံးဝင်စေလို့ အသုံးပြုနည်းကို ရေးသားဖော်ပြလိုက် ပါတယ်။ Software ကို Download ဆွဲရာမှာလည်း လွယ်လွယ်ကူကူနဲ့ အဆင်ပြေစေပါတယ် Trial Version ကို Download ဆွဲမယ်ဆိုရင်တော့ နေရာမှာ Software ကို Download ဆွဲနိုင်ပါတယ်။
Download ဆွဲပြီးသွားရင် တခြား Software တွေ လိုမျိုးပဲ စက်ထဲကို Run လိုက်ပါမယ်။ အခုဆိုရင် ကိုယ် အသုံးပြုမယ့် Software က ကိုယ့်စက်ထဲကို ရောက် နေပြီးဖြစ်တဲ့အတွက် ကိုယ်ပြောင်းချင်တဲ့ Video File ရှိရင် စတင် အသုံးပြုလို့ ရပါပြီ။
ပထမဆုံး Video To Images ဆိုတာကို ရွေးလိုက်ပါ။ ပြီးရင် Load Video File ကနေတဆင့် ကိုယ်အသုံး ပြုမယ့် vido file ကို သွားရွေးပေးလို့ ရပါတယ်။ အဲ့လို မဟုတ်ဘဲ ကိုယ်အသုံးပြုချင်တဲ့ video file ကို Drag and Drop လုပ်ပြီးလည်း ဆွဲထည့်နိုင်ပါတယ်။ Video file တစ်ခုလုံးကို image ပြောင်းချင်တယ်ဆိုရင်တော့ နဲ့ Extract Images ဆိုတာကို တန်းကလစ် လိုက်ပါ။ အဲ့လိုမှ မဟုတ်ဘဲ ကိုယ်လိုချင်တဲ့ အစိတ် အပိုင်းလေးကိုပဲ ပြောင်းချင်တယ်ဆိုရင်တော့  အတိုးအလျော့ လုပ်နိုင်ပါ တယ်။ Extract Images ဆိုတာကို ကလစ်လိုက်လျှင် ကိုယ့်ရဲ့ပုံတွေကို သိမ်းဆည်းပေးနိုင်မယ့် နေရာကို ရွေးရ မယ့် Box လေးပေါ်လာပါလိမ့်မယ်။
ဒီပုံကတော့ ကိုယ့် Folder နေရာ ရွေးထားရမယ့် Destination ပါ။ အဲ့ဒီထဲမှာ ကိုယ့်ရဲ့ ပုံတွေသိမ်းရမယ့် Folder ကို ရွေးပေးလိုက်ပါမယ်။ ဒါဆိုရင် သူ Extracting လုပ်နေပါပြီ။
တကယ်လို့ ကိုယ်က ပုံတွေကို အများကြီး မလို ချင်ဘဲ ကိုယ့်စိတ်ကြိုက်ပုံထွက်လာလို့ တော်ပြီလို့ ဆိုပြီး ရပ်လိုက်ချင်ရင် Cancel ကို နှိပ်လိုက်ရင် ရပါတယ်။ ပုံတွေ ကတော့ မပျက်သွားပါဘူး။ Conversion is Finished ဆိုတာ ပေါ်လာပြီး OK ကို ကလစ်လိုက်တာနဲ့ ခုဏက ကိုယ့်ရဲ့ Destination ကို သွားကြည့်လိုက်လျှင် ဓာတ်ပုံ တွေက JPG Format နဲ့ သိမ်းပြီးသား ဖြစ်နေမှာပါ။
JPG Format အပြင် တခြား Format တွေနဲ့လည်း သိမ်းလို့ ရပါတယ်။GIF, BMP, PNG, PCX, TIFF, TGA, PGM, PPM, PAM, SGI အစရှိတဲ့ Format တွေနဲ့လည်း သိမ်းလို့ ရပါသေးတယ်။ ဒါကတော့ Video ကနေ Images တွေပြောင်းတဲ့နည်းတစ်နည်းပါပဲ။နောက်ထပ် လည်း ဒီ Software ထဲမှာပဲ ထပ်ပြီးတော့ video ကနေ image ပြောင်းနိုင်တဲ့နေရာ ရှိပါသေးတယ်။ သူကတော့ ပုံတွေထပ်တာနည်းပြီး ပုံအရေအတွက်ကိုလည်း အရင် နည်းထက်ပိုနည်းပြီးတော့ ထွက်ပေးနိုင်ပါတယ်။ သူရဲ့ နာမည်ကတော့ Batch Converstion ပဲ ဖြစ်ပါတယ်။ ထပ်ပြီးတော့ Batch Conversion ပြုလုပ်ပုံ အဆင့်ဆင့် ကိုလည်း တင်ပြပေးလိုက်ပါတယ်။
Batch Conversion ဆိုတာကို ကလစ်လိုက်ရင် ပုံမှာ ပြထားတဲ့အတိုင်း မြင်ကွင်းကို တွေ့ရမှာပါ။
အရင်နည်းအတိုင်း ကိုယ်အသုံးပြုမယ့် Video File ကို Drag and Drop ဆွဲနိုင်သလို အနီရောင်ဝိုင်းပြထားတဲ့ (+)sing ကနေလည်း ရွေးပေးနိုင်ပါတယ်။ ဒီတစ်ခေါက် ကတော့ လွယ်သွားပြီပေါ့။ နည်းသိနေပြီလေ။ အရင် အတိုင်း Extract image ဆိုတာကို ကလစ်လိုက်ရင် ကိုယ့်ပုံတွေ သိမ်းရမယ့်နေရာကို မေးမယ်။ OK ကို ကလစ် လိုက်ရင် ကိုယ့် Folder ထဲမှာပုံတွေရောက်နေပြီပေါ့နော်။ဒီဆော့ဖ်ဝဲလ်ကိုသုံးတဲ့ အခါမှာပုံတွေတော့ အများကြီး ထွက်လာမှာပါ။ အဲ့ဒီထဲကမှ ကိုယ်အသုံးလိုတဲ့ ပုံကိုပဲ ရွေးနိုင်ပါတယ်။ အသုံးပြုရတာလည်း လွယ်ကူစေလို့ အဆင်ပြေကြမယ်ထင်ပါတယ်။
0 ထင်မြင်ချက်:
Post a Comment
လာရောက်အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။
အဆင်မပြေတာရှိရင် comment ပေးတာပဲဖြစ်ဖြစ်၊ cbox ထဲမှာ message ထားခဲ့တာပဲဖြစ်ဖြစ် ဆွေးနွေးနိုင်ပါသည်။