၁၃.၁၀.၂၀၁၃တွင်ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့၊ ဇမ္ဗူအေးကျောင်းတိုက်ဝန်းအတွင်းရှိ မြတ်မင်္ဂလာကျောင်းတိုက်တွင် ဆရာကန်တော့ပွဲလေးတစ်ခုကျင်းပခဲ့ကြပါသည်။ အခမ်းအနားဖွင့်ပွဲတွင် မြတ်မင်္ဂလာကျောင်းဆရာတော် အရှင်သြဘာသ (သဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလာဇေတဓဇ)သည် ဆုံးမစကားပြောခြင်းဖြင့် အခမ်းအနားကို စတင်ခဲ့ပါသည်။ Model Show ပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ရုပ်သေးရုပ် ဖျော်ဖြေမှုများဖြင့်... အခမ်းအနားကို ခမ်းနားစွာကျင်းပခဲ့ပါသည်။ ကျောင်းရှိ သံဃာတော်များအား အာရုံဆွမ်းကပ်လှူခဲ့ပါသည်။ ထို့နောက်
အာရုံသစ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာမြောက်ဥက္ကလာပမြို့နယ်၊ ဇမ္ဗူအေးကျောင်းတိုက်ဝန်းအတွင်းတည်ရှိပါသည်။
ရှိ ကလေးငယ်များအား အာဟာရ (မနက်စာ) အား ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ ထို့အပြင် အာစရိယ ပူဇော်ပွဲသို့ တက်ရောက်လာကြသော ကျောင်းသူ / သားများ အား မုန့်များ..... ထမင်း (နေ့လည်စာ) တို့ ကျွေးမွေးခဲ့ကြပါသည်။ ယနေ့အဖြစ်အပျက်များအား ပြန်လည်မြင်ယောင်ရင်း... နောက်ကျင်းပမယ့် အာစရိယပူဇော်ပွဲ စိတ်ကူးဖြင့်ပုံဖော် လိုက်ဦးမည်...................
|
|
|
|
|
|
|
|
|
0 ထင်မြင်ချက်:
Post a Comment
လာရောက်အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။
အဆင်မပြေတာရှိရင် comment ပေးတာပဲဖြစ်ဖြစ်၊ cbox ထဲမှာ message ထားခဲ့တာပဲဖြစ်ဖြစ် ဆွေးနွေးနိုင်ပါသည်။