ကျွန်တော့် ဆရာတစ်ယောက်လို့လည်း ပြောလို့ရတယ်၊ အစ်ကိုလို့လည်း ပြောလို့ရတဲ့ သူတစ်ယောက်ကပြောတယ်....... မင်းဆိုဒ်ကို My School Copy လို့ပြောင်း ထားလိုက်ပါလားတဲ့။ ဟုတ်ပါတယ်... ကျွန်တော့်ဆိုဒ်ရဲ့ ဒီဇိုင်းအပြင်အဆင်အားလုံးကလို့မဆိုချင်ပေမယ့် တော်တော်များများက.... အခြားဆိုဒ်ကနည်းပညာတွေကို ယူသုံးထားပါတယ်။ ယူသုံးတယ်ဆိုတာကလည်း သူတို့က နည်းပညာဖြန့်ဝေထားတာကို ယူသုံးတာပါ။ သူတို့က ဒီလိုလုပ်ရင် blog လေးက ပိုမိုဆွဲဆောင်မှုရှိ သွားမယ်လို့လည်း ဆိုထားတော့... သူတွေရဲ့ညွှန်ကြားမှုအတိုင်း ကျွန်တော်ဆိုဒ်လေးကို ပြုပြင်ခဲ့ပါတယ်။ လူတိုင်းကတော့ ကိုယ်လုပ်ထားတဲ့အရာတိုင်းကို လှပစေချင်တာပါပဲ။။။။။။။။
တစ်ချို့ပို့စ်တွေဆိုလည်း ယူသုံးထားပါတယ်။ ဘယ်ကယူသုံးထားလည်းဆိုတာကိုလည်း ဖော်ပြပေးထားပါ တယ်။ ကျွန်တော်က နည်းပညာတွေ၊ ဗဟုသုတတွေကို ဖြန့်ဝေတာပါ။ ကျွန်တော်သိတာလေးတွေကို ဖြန့် ဝေတယ်။ ကျွန်တော် တွေ့ခဲ့တဲ့ဟာလေးတွေကို အခြားသူတွေပါသိစေချင်လို့ ရှယ်ပေးတယ်။ ဒါတွေလုပ် နေလို့... ကျွန်တော်ပိုက်ဆံမရပါဘူး။ ပျော်ရွှင်မှုတော့ရပါတယ်။။ ဝါသနာပါလို့လုပ်နေတာပါ... စီးပွားရေးလုပ်တာမဟုတ်ပါဘူး....... မျက်လုံးမကောင်းတဲ့ကြားက လုပ်နေတာပါ။ မျက်မှန်ကလည်း ပုလင်း ဖင်လောက်ဖြစ်တော့မယ်... ဖြစ်ချင်လည်း ဖြစ်ပါစေတော့ဗျာ.... ဝါသနာကပါနေတာကို...
ဝါသနာဆိုလို့ပြောရဦးမယ်... ကျွန်တော်က အကုန်လုံးကို ဝါသနာပါတာဗျ... လူတွေကပြောတယ် ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်တဲ့............ ဒါပေမယ့် လုပ်သမျှအကုန်လုံး ဖြစ်မြောက်အောင်လုပ်တယ် လေဗျာ............. စကားတွေတောင်လမ်းကြောင်းလွှဲကုန်ပြီ.... blog ရေးနေတယ်ဆိုတာ ဝါသနာပါလို့ပါ.... copy ကူးတယ်လို့ပြောရအောင်လည်း သူတို့နည်းလမ်းပြထားတာ... လှသွားမလားလို့ လုပ်ကြည့်တာပါ....... ဒါတွေအကုန်လုံးကျွန်တော်လုပ်ထားတယ်လို့ မပြောပါ........ ဒါပေမယ့် ကိုယ်မှားရင် ကိုယ်ခံလေ...........သူ့အား ကျွန်တော်အာခံနေခြင်းမဟုတ်ပါ။ သူ့ကျေးဇူးကြောင့် ကျွန်တော် ဒီလိုမျိုး ဘလော့တွေရေးလာနိုင်တာပါ... သူ့ကိုတကယ်ကျေးဇူးတင်ပါတယ်....
အားလုံးကို ကျေးဇူးတင်ပါတယ်
အားလုံးကို ကျေးဇူးတင်ပါတယ်
0 ထင်မြင်ချက်:
Post a Comment
လာရောက်အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။
အဆင်မပြေတာရှိရင် comment ပေးတာပဲဖြစ်ဖြစ်၊ cbox ထဲမှာ message ထားခဲ့တာပဲဖြစ်ဖြစ် ဆွေးနွေးနိုင်ပါသည်။